တရုတ်ရဲ့ နိုင်ငံခြားစစ်သားစုဆောင်းမှု အောင်မြင်နေတဲ့အတွက် အမေရိကန်နဲ့ နေတိုးနိုင်ငံတွေ စုပေါင်း ဆွေးနွေးခဲ့ရ
PUBLISHED - February 15, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေရော စစ်မှုထမ်းဟောင်း တွေကိုပါ တရုတ်နိုင်ငံက စည်းရုံးသိမ်းသွင်းစုဆောင်းရာမှာ အောင်မြင်နေတဲ့အတွက် နိုင်ငံပေါင်း ၂၃ နိုင်ငံဟာ ဒီပြဿနာကို စုပေါင်းဆွေးနွေးခဲ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန်ဦးဆောင်တဲ့မဟာမိတ်နိုင်ငံတွေက လေသူရဲတွေ၊ ပြုပြင်ထိန်းသိမ်းရေးစစ်သည်တွေ၊ လေကြောင်း စစ်ဆင်ရေးအရာရှိတွေနဲ့ နည်းပညာကျွမ်းကျင်သူတွေကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က အောင်မြင်စွာစည်းရုံးခေါ်ဆောင်နိုင်ခဲ့ကြောင်း ဥရောပဒေသရှိ အမေရိကန်ထိပ်တန်းအရာရှိကြီးတစ်ဦးက မကြာ သေးခင်ပဲ ဝန်ခံပြောကြားခဲ့ပါတယ်။
အဲဒီအထဲက တချို့ကို အွန်လိုင်းကနေ အလုပ်ခန့်တဲ့စနစ် ဒါမှမဟုတ် သက်ဆိုင်ရာပုဂ္ဂိုလ်ထံကို အီးမေးလ် တိုက်ရိုက်ပို့တဲ့စနစ်နဲ့ တရုတ်အစိုးရထောက်ပံ့ထားတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကတစ်ဆင့် စုဆောင်းခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။
အလုပ်ကြော်ငြာစာထဲမှာတော့ အလုပ်အကိုင်ကောင်းမယ်လို့သာ ဖော်ပြထားသလို လုပ်ငန်းသဘာဝကို ပြည့် ပြည့်စုံစုံ ဖော်ပြထားခြင်းမရှိဘဲ တရုတ်နိုင်ငံထဲမှာ ဒါမှမဟုတ် တရုတ်နိုင်ငံအနီးဝန်းကျင်မှာ အလုပ်လုပ်ရမယ် လို့သာ ဖော်ပြထားတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
ဂျာမနီနိုငငံ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းမှာ ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကို အမေရိကန်စစ်ဘက်ဆိုင် ရာအရာရှိတွေ၊ နေတိုးအဖွဲ့ဝင် ၂၂ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ထောက်လှမ်းရေးမဟာမိတ် ၅ နိုင်ငံက ကိုယ် စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ပထမဦးဆုံးအကြိမ် နေတိုးအဖွဲ့ဝင်နိုင်ငံက ကိုယ်စားလှယ်တွေပါဝင်လာရတဲ့အထိ ကျယ်ပြန့်လာတဲ့အတွက် ဒီပြဿနာဟာ နိုင်ငံတကာအဆင့်အထိ ကျယ်ပြန့်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နည်းဗျူဟာတွေ၊ နည်းပညာတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ထိုးထွင်း သိမြင်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားသားစစ်သားစုဆောင်းမှုဟာ အမျိုးသားကာကွယ်ရေးသတင်းအချက်အ လက်တွေကို ကျိုးပေါက်စေနိုင်တဲ့ အလွန်အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ်ကြောင်း အစည်းအဝေး မှာ ထောက်ပြကြပါတယ်။
အသေးစိတ်ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့ တက်ရောက်လာသူတွေဟာ အဲဒီပြဿာနာကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတွေအကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အစောပိုင်းကာလက ပြဿနာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် PLA က စည်းရုံးခေါ်ယူထားတဲ့ လေသူရဲတချို့ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ဥရောပဒေသ အမေရိကန်လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဂျိမ်းစ်ဟက်ကာက ပြောပါတယ်။
တရုတ်စစ်တပ်ထဲရောက်ရှိနေတဲ့ လေသူရဲတွေကို ပြန်လည်ခေါ်ယူဖို့အတွက် တချို့နိုင်ငံတွေအနေနဲ့ ၎င်းတို့နိုင် ငံရဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ နိုင်ငံခြားစစ်သားစုဆောင်းမှုလုပ်ငန်းကို တားဆီးဖို့အတွက် အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ တွေဟာ လက်ရှိအချိန်မှာ လူထုအသိပညာမြှင့်တင်ရေးလုပ်ငန်းတစ်ခု ဆောင်ရွက်နေတယ်လို့ ၎င်းက ပြောပါတယ်။
“တပ်မတော်ထဲက အငြိမ်းစားယူသွားတဲ့စစ်သားတွေ အထူးသဖြင့် လေသူရဲတွေအနေနဲ့ တရုတ်နိုင်ငံက အဲဒီလို ကြိုးပမ်းနေပြီး ဒီကြိုးပမ်းမှုဟာ လက်ခံနိုင်စရာမဟုတ်ဘူးဆိုတာကို သဘောပေါက်အောင် ကျွန်တော်တို့ ဆက် လက်ဆောင်ရွက်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: China’s Poaching of US, NATO Soldiers Prompts 23-Nation Meeting
#PeopleMedia