• Follow Us on
Latest News

Home တရုတ်လျှပ်စစ်ကားကုမ္ပဏီတွေကို ထိုင်းနိုင်ငံ လက်ကမ်းကြိုဆို

တရုတ်လျှပ်စစ်ကားကုမ္ပဏီတွေကို ထိုင်းနိုင်ငံ လက်ကမ်းကြိုဆို

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆

 

အရှေ့တောင်အာရှရဲ့ လျှပ်စစ်ကားထုတ်လုပ်မှု ဗဟိုချက်မနိုင်ငံဖြစ်လာအောင် ဆောင်ရွက်သွား မယ်ဆိုတဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် ထိုင်းနိုင်ငံဟာ တရုတ်လျှပ်စစ်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ၎င်းတို့တီထွင်ဖန်တီးထားတဲ့နည်းပညာတွေကို လက်ကမ်းကြိုဆိုလျက်ရှိကြောင်း China Daily မှာ ရေးသားဖော်ပြထားပါတယ်။

 

ထိုင်းနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင်မှာ နိုင်ငံတွင်း စုစုပေါင်းကားထုတ်လုပ်မှုရဲ့ ၃၀% ကို လျှပ်စစ်ကားတွေ ထုတ်လုပ်သွားနိုင်ဖို့ ရည်မှန်းထားပါတယ်။

 

“အရည်အသွေးကောင်းမွန်တဲ့ ထုတ်လုပ်မှုအားသစ်တွေနဲ့အတူ ထိုင်းနိုင်ငံထဲမှာ လျှပ်စစ်ကားစက်ရုံတွေ၊ ဒေသ တွင်းရုံးချုပ်တွေ လာရောက်ဖွင့်လှစ်မယ့် တရုတ်ကုမ္ပဏီတွေကို ကျွန်မတို့ ကြိုဆိုပါတယ်။ အပြန်အလှန် အား ဖြင့် ထိုင်းနိုင်ငံကလည်း လျှပ်စစ်ကားထုတ်လုပ်မှုကို ပံ့ပိုးဖို့အတွက် ဖြေလျှော့မှုမက်လုံးတွေ ပိုမိုပေးအပ် သွားမှာ ဖြစ်ပါတယ်။” လို့ ထိုင်းစက်မှုဝန်ကြီး ဖင်းဖတ္တရာဝီချိုင်းကူလ်က ပြောပါတယ်။

 

“နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်တွေ အောင်မြင်အောင်ဆောင်ရွက်ရာမှာ လျှပ်စစ်ကားထုတ်လုပ်မှုဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါဟာ ကျွန်မတို့ အကျိုးစီးပွားအတွက် သာမဟုတ်ဘဲ အနာဂတ်ကာလ မျိုးဆက်သစ်တွေရဲ့အကျိုးအတွက်လည်း ပါဝင်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုဒဏ်ကို နိုင်ငံတွေက သဘောပေါက်လာကြတဲ့အတွက် နိုင်ငံ တွင်း သဘောဝပတ်ဝန်းကျင်မထိခိုက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေအတွက် လျှပ်စစ်ကားတွေဟာ ပိုမို အရေးပါလာပါတယ်။

 

ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ဆေးဝါးကုသရေးဝန်ဆောင်မှုလုပ်ငန်း၊ စာသောက်ကုန်လုပ်ငန်း၊ လေကြောင်းခရီးစဉ်လုပ်ငန်း၊ လော်ဂျစ်စတစ်လုပ်ငန်း၊ လျှပ်စစ်ကားလုပ်ငန်း၊ ဒစ်ဂျစ်တယ်လ်စီးပွားရေးနဲ့ ဘဏ္ဍာရေလုပ်ငန်းတို့ရဲ့ ဗဟိုချက်မ နိုင်ငံဖြစ်အောင် ကြိုးပမ်းသွားဖို့ ရည်ရွယ်ထားကြောင်း ဖေဖော်ဝါရီလအ တွင်း အစိုးရအိမ်တော်မှာကျင်းပခဲ့တဲ့ “Thailand Vision” ပွဲမှာ ထိုစဉ်က ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမှာ လျှပ်စစ်ကား အစီးရေ ၇၆,၀၀၀ ရောင်းချခဲ့ရရာ အဲဒီကားတွေထဲက ၈၀% ဟာ တရုတ်ထုတ်လျှပ်စစ်ကားတွေဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

 

MG၊ Great Wall Motor၊ NETA၊ Changan နဲ့ GAC Aion တို့အပါအဝင် တရုတ်ကုမ္ပဏီအများအပြားဟာ ဒေသတွင်း အဓိကထုတ်လုပ်ရေးအခြေစိုက်စခန်းတစ်ခုအဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့ကြပါတယ်။

 

တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီအများစုဟာ ထိုင်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ စက်ပစ္စည်းအစိတ်အ ပိုင်းတွေကို အသုံးပြုပေးဖို့ဆိုတဲ့ ထိုင်းအစိုးရရဲ့မေတ္တာရပ်ခံချက်ကို သဘောတူညီခဲ့ကြကြောင်း ထိုင်းနိုင်ငံရင်းနှီး မြှုပ်နှံမှုဘုတ်အဖွဲ့က ပြောပါတယ်။

 

ဥပမာ Great Wall Motor ကုမ္ပဏီဟာ ၎င်းတို့ကုမ္ပဏီထုတ် လျှပ်စစ်ကားတွေအတွက် အစိတ်အပိုင်း ၈၀% ကနေ ၉၀% အထိ ဒေသတွင်းကုမ္ပဏီတွေက မှာယူသုံးစွဲသွားမယ်လို့ ဆိုပါတယ်။

 

Ref: With Chinese help, Thailand aims to become production hub: China Daily/ The Nation

 

#PeopleMedia


Share this post