• Follow Us on
Latest News

Home တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထိုင်းနိုင်ငံလာရောက်လည်ပတ်ဖို့ ထိုင်းဝန်ကြီးချုပ်က တရားဝင်ဖိတ်ကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထိုင်းနိုင်ငံလာရောက်လည်ပတ်ဖို့ ထိုင်းဝန်ကြီးချုပ်က တရားဝင်ဖိတ်ကြား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀

 

ထိုင်း-တရုတ် ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် လာမယ့်နှစ်အတွင်း  ထိုင်းနိုင်ငံကို လာရောက်ဖို့  တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ကြားထားတယ်လို့  ထိုင်းဝန်ကြီးချုပ် ဆရက်သာဗင်ဆင် က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

 

တနင်္လာနေ့က လေးရက်ကြာ ခရီးစဉ် ပြီးဆုံးခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံအပြီးမှာ နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက် အပါအဝင် ထိုင်း-တရုတ် ပူးပေါင်းဆောင်ရွက်မှု တွေကို ဆွေးနွေးခဲ့တယ်လို့ ဆရက်သာက ပြောကြားခဲ့ပါတယ်။

 

ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ယုံကြည်မှုတွေကို တိုးမြင့်လာစေတယ်လို့ ဝန်ကြီးချုပ်က  ပြောကြားခဲ့ပါတယ်။

 

“နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပဖို့ ရှိပြီး၊ မစ္စတာ ရှီကို ထိုင်း နိုင်ငံကို တရားဝင် လာရောက်ဖို့ ဖိတ်ကြားခဲ့တာပါ”လို့  မစ္စတာ ဆရက်သာ က ပြောကြားခဲ့ပါတယ်။

 

မတ်လ ၁ ရက်နေ့မှာ စတင်အသက်ဝင်မယ့် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အရတရုတ်နဲ့ ထိုင်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်) ကိုင်ဆောင်ထားသူတွေဟာ နှစ်နိုင်ငံ ဗီဇာ (ပြည်ဝင်ခွင့် လက်မှတ်) မလိုဘဲ ရက်ပေါင်း ၃၀ ကြာ အပြန်အလှန်သွားလာလည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။

 

ref;bangkokpost

 

#PeopleMedia


Share this post