• Follow Us on
Latest News

Home တရုတ်သူလျှိုတွေ ကမ္ဘာလှည့်ခရီးသည်ယောင်ဆောင်ပြီး အမေရိကန်စစ်စခန်းတွေကို ဝင်ရောက်နိုင်ဖို့ ကြိုးစား နေကြောင်း ပင်တဂွန်နဲ့ FBI ပြော

တရုတ်သူလျှိုတွေ ကမ္ဘာလှည့်ခရီးသည်ယောင်ဆောင်ပြီး အမေရိကန်စစ်စခန်းတွေကို ဝင်ရောက်နိုင်ဖို့ ကြိုးစား နေကြောင်း ပင်တဂွန်နဲ့ FBI ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၇

 

အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာ လှည့်ခရီးသွားတွေယောင်ဆောင်ပြီး ဝင်ရောက်လာခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အထူး စုံစမ်းစစ်ဆေးရေးဖက်ဒရယ်ဗျူရိုအဖွဲ့ (FBI) က ပြောကြားလိုက်ပါတယ်။

 

ဖလော်ရီဒါပြည်နယ်ရှိ အမေရိကန်အစိုးရရော့ကက်ပစ်စင်အတီးမှာ ရေကူးနေတဲ့ တရုတ်နိုင်ငံသားတွေကိုဖမ်း မိခဲ့သလို နယူးမက္ကဆီကို ပြည်နယ်က အမေရိကန်ဒုံးကျည်စက်ပစ်ကွင်းအထဲကို ဖြတ်ကျော်ဖို့ကြိုးစားနေတဲ့ တ ရုတ်နို်င်ငံသားတွေကိုလည်း ခြေရာခံမိခဲ့ကြောင်း သိရပါတယ်။

 

အမေရိကန်စစ်ဘက်အဆောက်အအုံတွေနဲ့ နီးစပ်တဲ့ မက်ဒေါ်နယ်စားသောက်ဆိုင်တွေနဲ့ တခြားနေရာတွေကို ဝင်ရောက်နိုင်ဖို့အတွက် Google Maps (ဂူဂယ်လ်မြေပုံတွေ) ကို အသုံးပြုပြီးခြေရာခံလိုက်ခဲ့ကြကြောင်း တရုတ် နိုင်ငံသားတချို့က ပြောပါတယ်။

 

မကြာသေးခင်ကာလကပဲ အလာစကားပြည်နယ် ဖို့ဒ်ဝိန်းရိုက်တ် (Fort Wainwright) ခံတပ်စခန်းထဲမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ အခန်းကြိုတင်မှာကြားထားတဲ့ တရုတ်ခရီးသွားအုပ်စုတစ်စု ရှိခဲ့ကြောင်း သိရပါတယ်။

 

ဖို့ဒ်ဝိန်းရိုက်တ်ခံတပ်စခန်းဟာ အာတိတ်ဒေသစစ်ဆင်ရေးအတွက် အဓိကတပ်ဖြန့်ချထားတဲ့ အမေရိကန် အမှတ် ၁၁ လေကြောင်းချီတပ်မ အခြေချရာနေရာဖြစ်ပါတယ်။

 

တရုတ်အစိုးရဟာ ရန်သူနိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေက လုံခြုံရေးချထားမှုတွေကို ဆန်း စစ်လေ့လာဖို့အတွက် အရပ်သားတွေကို ဆက်လက်ငှားရမ်းနေတဲ့အတွက် ဒီဖြစ်စဉ်တွေကို သူလျှိုလုပ်ရပ်ခြိမ်း ခြောက်မှုတွေအဖြစ် ရှုမြင်နိုင်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

 

အခုလို တရုတ်နိုင်ငံကို အမေရိကန်အစိုးရက သူလျှိုလုပ်ငန်းတွေလုပ်နေတယ်ဆိုပြီး စွပ်စွဲတာ ပထမဦးဆုံးအ ကြိမ်တော့ မဟုတ်ပါဘူး။

 

အခုနှစ် အစောပိုင်းကလည်း ထောက်လှမ်းရေးသတင်းအချက်အလက်မျိုးစုံကို အာရုံခံဖမ်းယူနိုင်တဲ့ ဆိုလာ မျက်နှာပြင်တွေတပ်ဆင်ထားတဲ့ တရုတ်သူလျှိုပူဖောင်းတစ်လုံး ခွင့်ပြုချက်မရှိဘဲ အမေရိကန်လေကြောင်းပိုင် နက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

 

ဒါ့အပြင် မကြာသေးခင်ကလည်း အမေရိကန်ရေတပ်ထဲက တပ်ဖွဲ့ဝင်နှစ်ဦးကို တရုတ်နိုင်ငံအတွက် သူလျှိုလုပ် ဆောင်နေတယ်လို့ သံသယဖြစ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

 

တရုတ်အစိုးရဟာ ဥပဒေတွေ၊ နိုင်ငံတကာစံနှုန်းတွေကို ဂရုမစိုက်ဘဲ “သူလျှိုလုပ်ငန်းတွေကို ခိုးကြောင်ခိုးဝှက် ကျယ်ကျယ်ပြန့်ပြန့်” ဆက်လက်ဆောင်ရွက်နေတယ်လို့ FBI ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

 

အမေရိကန်ပိုင်နက်ထဲမှာ အခုလို သူလျှိုလုပ်ငန်းတွေလုပ်ဆောင်လာတာကို ဘယ်လိုမှ သည်းခံနေမှာ မဟုတ် ကြောင်း FBI က သတိပေးထားပါတယ်။

 

“ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်နယ်တွေနဲ့ ဒေသတွင်းလုံခြုံ ရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး တရုတ်အစိုးရကသူလျှိုလုပ်ပြီးရယူဖို့ကြိုးစားနေတဲ့ ကျွန်တော် တို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးသတင်းအချက်အလက်တွေကို FBI အနေနဲ့ ကာကွယ်သွားမှာဖြစ်ပါ တယ်။

 

သူတို့ရဲ့ကြိုးပမ်းမှုတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို သေးသိမ်အောင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”လို့ FBI ပြောခွင့်ရပုဂ္ဂိုလ်က Fox News Digital ကို ပြောပါတယ်။

 

Ref: Pentagon Says Chinese Citizens Pose as Tourists to Breach US Military Sites

 

#PeopleMedia


Share this post