• Follow Us on

Home တရုတ်သံမဏိထုတ်လုပ်ရေး ကုမ္ပဏီတွေ ထိုင်းသံမဏိလုပ်ငန်းကို လွှမ်းမိုးသွားမှာ စိုးရိမ်နေ

တရုတ်သံမဏိထုတ်လုပ်ရေး ကုမ္ပဏီတွေ ထိုင်းသံမဏိလုပ်ငန်းကို လွှမ်းမိုးသွားမှာ စိုးရိမ်နေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃

 

ထိုင်းနိုင်ငံတွင်း သံမဏိစက်ရုံတွေ လာရောက်ထူထောင်နေတဲ့ တရုတ်ကုမ္ပဏီတွေက ထိုင်းနိုင်ငံ သံမဏိလုပ် ငန်းကို လွှမ်းမိုးချုပ်ကိုင်ကသွားမယ့်အန္တရာယ် ကျရောက်နေကြောင်း ထိုင်းစက်မှုလုပ်ငန်းဖက်ဒရေးရှင်း FTI က တနင်္လာနေ့ (သြဂုတ်လ ၁၂ ရက်နေ့) က သတိပေးလိုက်ပါတယ်။

 

ထိုင်းသံမဏိလုပ်ငန်း ထုတ်လုပ်မှုပမာဏဟာ ၇ နှစ်အတွင်း အဆိုးရွားဆုံးကျဆင်းခဲ့ရာ ပြီးခဲ့တဲ့နှစ် ပထမ ၆ လ အတွင်း ထုတ်လုပ်မှု ၃၁.၂% ရှိခဲ့ရာက အခုနှစ် ပထမ ၆ လ အတွင်း ၂၉.၃% အထိ ကျဆင်းသွားခဲ့ကြောင်း FTI ဥက္ကဋ္ဌ ကရင်းကရိုင် သီယန်နူကူလ်က ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ နှစ်စဉ်သံမဏိဝယ်လိုအား တန်ချိန် ၁၆ သန်းနဲ့ နှိုင်းယှဉ်ရင် တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဟာ တန်ချိန် ၁၂.၄၂ သန်းအထိ မြှင်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။

 

ရာယောင်းပြည်နယ် ဘန်းခိုင်ခရိုင်မှာတည်ရှိတဲ့ စင်းကီယူဝန် သံမဏိကုမ္ပဏီ (Xin Ke Yuan Steel Company) ဟာ ဝိုင်ယာကြိုးတွေ၊ သံမဏိပြားတွေ၊ စတီးလ်ရေလောင်းသံချောင်းတွေ၊ စတီးပိုက်တွေနဲ့ တည်ဆောက်ရေး လုပ်ငန်းသုံးစတီးတွေအပါအဝင် သံမဏိတန်ချိန် ၁၂.၀၉ သန်း ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။

 

အလားတူ ချွန်ဘူရီပြည်နယ် နောင်းယိုင်ခရိုင်မှာရျိတဲ့ ယုန်ဂျီသတ္တုနည်းပညာကုမ္ပဏီကလည်း ၎င်းတို့ရဲ့ သံမဏိစက်ရုံကနေ တစ်နှစ်ကို တန်ချိန် ဝ.၃၂၂ သန်း ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း ၎င်းက ပြောပါတယ်။

 

ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်နိုင်ငံထဲ ညစ်ညမ်းမှုလျှော့ချမယ့် တရုတ်အစိုးရရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်နေ တာဖြစ်ပြီး တခြားနိုင်ငံတွေက ပြဋ္ဌာန်းထားတဲ့ ကုန်သွယ်ရေးအတားအဆီးတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နည်း လမ်းရှာဖွေတာဖြစ်ကြောင်း FTI ဥက္ကဋ္ဌ ကရင်းကရိုင်က ပြောပါတယ်။

 

“ဒါပေမဲ့ အဲဒီသံမဏိစက်ရုံတွေ တည်ဆောက်လိုက်တာနဲ့ တပြိုက်နက် ပြည်တွင်း သံမဏိထုတ်လုပ်မှုကို ထိခိုက်လာမှာဖြစ်ပါတယ်။ ထိုင်းသံမဏိထုတ်လုပ်မှုစွမ်းရည်ဟာ ဆက်လက်ကျဆင်းဦးမယ့် အလားအလာမှာ ရှိနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်နေပေမဲ့ ထိုင်းထုတ်လုပ်မှုဟာ နိုင်ငံရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ လုံ လောက်တဲ့စွမ်းရည်ရှိကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံထဲမှာ သံမဏိစက်ရုံတွေလာရောက်ဖွင့်လှစ်တာကို ထိန်းချုပ်ဖို့အတွက် စက်မှုဝန်ကြီးဌာနအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားသင့်ကြောင်း ၎င်းက ပြောပါတယ်။

 

ပြည်ပကတင်သွင်းတဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိတွေဟာ ထိုင်းနိုင်ငံရဲ့ စက်မှုထုတ်ကုန်စံနှုန်းတွေနဲ့ မကိုက်ညီဘဲ ဘေးကင်းလုံခြုံမှုအန္တရာယ်ရှိလာမှာကိုလည်း စိုးရိမ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပိုမိုတင်းကျပ်တဲ့ စက်မှုထုတ်ကုန်စံနှုန်းတွေ သတ်မှတ်သင့်ဖို့လည်း ၎င်းက တောင်းဆိုလိုက်ပါတယ်။

 

“ဆောက်လုပ်ရေးလုပ်ငန်းသုံးသံမဏိ တင်သွင်းမှုက မြင့်တက်နေပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက တင်သွင်းနေတာပေါ့။ ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိတန်ချိန်ပေါင်း ၄၂၆,၃၄၀ တန်တင်သွင်းခဲ့ရာမှာ ဘတ်ငွေ ၂၁ ဘီလျံသုံးစွဲခဲ့ရပါတယ်။ အဲဒီအထဲက သံမဏိ ၉၂% ဟာ တရုတ်နိုင်ငံက တင်သွင်းခဲ့တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Chinese steel investments threaten Thai industry, warns FTI

 

#PeopleMedia


Share this post