• Follow Us on

Home တရုတ်ဟာ ယူကရိန်းစစ်ပွဲကို ကောင်းကောင်းနားလည်ကြောင်းပြောဆိုပြီး တရုတ်ငြိမ်းချမ်းရေးအစီအစဉ်ကို ပူတင်ထောက်ခံ

တရုတ်ဟာ ယူကရိန်းစစ်ပွဲကို ကောင်းကောင်းနားလည်ကြောင်းပြောဆိုပြီး တရုတ်ငြိမ်းချမ်းရေးအစီအစဉ်ကို ပူတင်ထောက်ခံ

Share this post

နိုင်ငံတကာ၊ မေ ၁၅

 

တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲရဲ့နောက်မှာ ဘာတွေရှိတယ်ဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်တဲ့ အတွက် ယူကရိန်းစစ်ပွဲငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် တရုတ်ရဲ့အစီအစဉ်ကို ထောက်ခံကြောင်း ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားလိုက်ပါ တယ်။

 

နှစ်နှစ်ကျော်ကြာစစ်ပွဲကို ဖြေရှင်းနိုင်ရေး ဆွေးနွေးဖို့အတွက် ရုရှားနိုင်ငံအနေနဲ့ လမ်းဖွင့်ထားဆဲဖြစ်ကြောင်း အ ခုသီတင်းပတ် ဘေဂျင်းခရီးစဉ်မတိုင်ခင် ဆင်ဟွာသတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ပြောပါတယ်။

 

တရုတ်သမ္မတရှီကျင့်ဖျင် ပြီးခဲ့တဲ့လက ထုတ်ပြန်ကြေညာခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ စည်းမျဉ်းတွေဟာ စစ် ပွဲနောက်က ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေ ပါဝင်ကြောင်း ပူတင်က ပြောပါတယ်။

 

“ယူကရိန်းစစ်ပွဲ ဖြေရှင်းဖို့အတွက် တရုတ်နိုင်ငံရဲ့ချဉ်းကပ်ပုံနည်းလမ်းကို ဆန်းစစ်လေ့လာရာမှာ ကျွန်တော်တို့ အနေနဲ့ အပြုသဘောဆောင်တဲ့အမြင်နဲ့ လေ့လာပါတယ်။ တရုတ်အစိုးရဟာ ဒီစစ်ပွဲရဲ့ တကယ့်ပြဿနာရင်း မြစ်နဲ့ စစ်ပွဲရဲ့ ပထဝီနိုင်ငံရေးဆိုင်ရာအဓိပ္ပာယ်ကို ကောင်းကောင်းကြီးနားလည်ပါတယ်။” လို့ ပူတင်က ပြောပါ တယ်။

 

စစ်ပွဲရပ်ဆိုင်းရေး ယေဘုယျစည်းမျဉ်းတွေ ချမှတ်ထားတဲ့ အချက် ၁၂ ချက်ပါ စာတမ်းတစ်ခုကို လွန်ခဲ့တဲ့တစ် နှစ်ကျော်က တရုတ်နိုင်ငံက တင်ပြခဲ့ပေမဲ့ အသေးစိတ် ဆက်လက်ဆွေးနွေးတာမျိုး မလုပ်ခဲ့ပါဘူး။

 

အဲဒီအချိန်က ရုရှားရော ယူကရိန်းကပါ တရုတ်နိုင်ငံရဲ့အဆိုပြုချက်ကို စိတ်မပါ့တပါ လက်ခံခဲ့ကြပါတယ်။

 

အလားတူ တရုတ်နိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် ငြိမ်းချမ်းရေးဆောင်ကြဉ်းသူအဖြစ် ပုံဖော်နေပေမဲ့ တရုတ်အစီအ စဉ်ဟာ ရုရှားရဲ့ မှားယွင်းပြီး မပြည့်စုံတဲ့အချက်အလက်တွေကို တင်ပြနေတာဖြစ်သလို ကျူးကျော်စစ်ကို ပြစ် တင်ရှုတ်ချဖို့လည်း ပျက်ကွက်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့ပါတယ်။

 

ဆွေးနွေးဖို့အတွက် အဆိုပြုထားတဲ့ မဟာတရုတ်နိုင်ငံရဲ့ တင်ပြချက်ဟာ သဘာဝကျတဲ့အစီအစဉ်တစ်ရပ်ဖြစ် ကြောင်း ပြီးခဲ့တဲ့လက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ပြောပါတယ်။

 

ရှီကျင့်ဖျင်ရဲ့ထပ်မံတင်ပြထားတဲ့ စည်းမျဉ်းတွေထဲမှာ “အခြေအနေတွေ အေးဆေးတည်ငြိမ်အောင်လျှော့ချဖို့” ၊ ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းဖို့၊ တည်ငြိမ်မှုကို ဖန်တီးဖို့နဲ့ ကမ္ဘာ့စီးပွားရေးထိခိုက်နေမှုတွေကို လျှော့ချဖို့တို့ ပါဝင်ပါတယ်။

 

ယူကရိန်းစစ်ပွဲဟာ ရုရှားနယ်စပ်အထိ နယ်မြေချဲ့ထွင်လာမှုနဲ့ နယ်စပ်ဒေသအနီး စစ်ရေးလှုပ်ရှားမှုတွေ မြှင့် တင်ဆောင်ရွက်လာတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရုရှားနိုင်ငံရဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုတွေကို ထည့်သွင်း စဉ်းစားခြင်းမရှိတဲ့ အနောက်အုပ်စုကို ဆန့်ကျင်တဲ့ ရုန်းကန်ကြိုးစားမှုတစ်ရပ်အဖြစ် ရုရှားနိုင်ငံက ရှုမြင်ထား ပါတယ်။

 

Ref: Putin backs China’s Ukraine peace plan, says Beijing understands the conflict

 

#PeopleMedia


Share this post