• Follow Us on
Latest News

Home တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ပြီး ၈ ရက်အကြာ ရှမ်းမြောက်ဒေသ၊ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းဒေသတွေမှာ တစ်ကြော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်

တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ပြီး ၈ ရက်အကြာ ရှမ်းမြောက်ဒေသ၊ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းဒေသတွေမှာ တစ်ကြော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်

Share this post

ရန်ကုန်၊ ဇွန် ၂၅

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး ၈ ရက်အကြာမှာ ရှမ်းမြောက်ဒေသနဲ့ ဆက်စပ်ဒေသများ အပါအဝင် ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်း ထိစပ်နေသည့် မန္တလေးတိုင်းအတွင်းမှာ တိုက်ပွဲတွေ ပြန်လည် စတင်လာ ခဲ့ပါတယ်။

 

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်မှာ တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသ တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးစသည့်တို့ကို နှစ်ဘက် ဆွေးနွေး သဘောတူခဲ့ပါတယ်။

 

သို့သော်လည်း တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ပြီး ၈ ရက်အကြာ ဇွန်လ ၂၅ ရက်နေ့ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး လားရှိုး-ပြင်ဦးလွင်လမ်းပိုင်း ဧရိယာအတွင်းမှာ တပ်မတော်နဲ့ စစ်သွေးကြွ TNLA/ PDF တို့ တိုက်ပွဲ ပြင်းထန်နေပါတယ်။ အလားတူ မိုးကုတ်-မတ္တရာလမ်းပိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

 

#PeopleMedia


Share this post