• Follow Us on
Latest News

Home တရုတ်၊ အိန္ဒိယ၊ ရုရှားကဲ့သို့ အလားအလာရှိသည့် ခရီးသွားဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက် လာရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးဝန်ကြီး ပြောကြား

တရုတ်၊ အိန္ဒိယ၊ ရုရှားကဲ့သို့ အလားအလာရှိသည့် ခရီးသွားဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက် လာရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၂၉

 

မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ တရုတ်လူမျိုးခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေး အတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)၊ မြန်မာ – တရုတ် ပူးပေါင်းဆက်ဆံရေးဗဟို အသင်း၊ မြန်မာ – တရုတ်ကုန်သည်ကြီးများအသင်း၊ တရုတ်နိုင်ငံတက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများ အသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှဖွဲ့စည်းထားသော မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းအဖွဲ့နှင့် တရုတ်ခရီးသွားဈေးကွက်ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိ သူများနှင့် ယမန်န့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြေညာ ချက်အရ တရုတ်လူမျိုးခရီးသွားဧည့်သည်များ အများအပြား ဝင်ရောက်လာတော့မည်ဖြစ်၍ ၎င်းတို့ဝင်ရောက် ရာတွင် အဆင်သင့်ဖြစ်နေစေရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တရုတ်ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ခရီးသွားကုမ္ပဏီများအနေနှင့် ကြိုးစားဆောင် ရွက်ကြရန်လိုအပ်ပြီး ဝန်ကြီးဌာနအနေနှင့်လည်းလိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြော သည်။

 

တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများ၌ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ခရီးသွားရာသီအမီ ငွေကြေးသုံးစွဲမှုအဆင်ပြေစေရေး၊ ဘာသာစကားနှင့် နေထိုင်သွားလာရေးတို့ အပါအဝင်ကြို တင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာကြရန်လိုအပ်ပါကြောင်း၊ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယ၊ ရုရှားကဲ့သို့ အလားအလာရှိသည့် ခရီးသွားဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက်လာရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။

 

#PeopleMedia


Share this post