တရုတ်-ထိုင်ဝမ် စစ်ပွဲဖြစ်လာရင် အသုံးပြုနိုင်အောင် အမေရိကန်က တာဝေးဒရုန်းတွေ ထုတ်လုပ်ဖို့လိုအပ် ကြောင်း စစ်ရေးအကြံပေးအဖွဲ့ပြော
PUBLISHED - June 26, 2024
နိုင်ငံတကာ၊ ဇွန် ၂၆
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာရင် ထိထိရောက်ရောက်တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန် တပ်မတော်အနေနဲ့ တာဝေးဒရုန်းတွေထုတ်လုပ်ရာမှာ ရင်းနှီးမြှုုပ်နှံဖို့လိုအပ်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားလာခဲ့ရင် တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့ကြီးမားလှတဲ့ ဒရုန်းတပ်ဖွဲ့တွေကို တပ်ဖြန့်ချ ထားပြီး လက်ဦးမှုရယူကာ အသာစီးကတိုက်ခိုက်နိုင်ကြောင်း ထိုင်ဝမ်ကျွန်း အခြေအနေတွေကို တောက် လျှောက် စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်လုံခြုံရေးသစ်စင်တာ (CNAS) အဖွဲ့က ပြောပါတယ်။
ဒါ့ကြောင့် အမေရိကန်နဲ့ ထိုင်ဝမ်တို့ဟာ ကာကွယ်ရေးအဆင့်တစ်ခု တည်ဆောက်ဖို့အတွက် တာဝေးဒရုန်းတွေ အလုံအလောက်ဝယ်ယူခြင်းအားဖြင့် လစ်ဟာနေတဲ့ကွက်လပ်ကို ချက်ချင်းဖြည့်ဆည်းဖို့ လိုအပ်ကြောင်း အဆို ပါအဖွဲ့က ပြောပါတယ်။
အဆင့်မြင့်ယှဉ်ပြိုင်တိုက်ပွဲဝင်ရမယ့် လေပိုင်နက်ထဲက စစ်ဆင်ရေးတွေကို ထောက်ပံ့နိုင်ဖို့အတွက် အဲဒီဒရုန်း တွေဟာ အဆင့်မြင့်ဈေးကြီးတဲ့ဒရုန်းတွေရော ဈေးသက်သာတဲ့ဒရုန်းတွေပါ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဒရုန်းတွေ ဖြစ်သင့်သလို မလွှဲမရှောင်သာ ဆုံးရှုံးသွားခဲ့ရင်လည်း ချက်ချင်း ပြန်လည်အစားထိုးနိုင်တဲ့ ဒရုန်းတွေဖြစ်ဖို့လို အပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်စစ်သင်္ဘောတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို တိုက်ခိုက်ဖို့အတွက်လည်း အဲဒီဒရုန်းအုပ်စုတွေထဲမှာ အသေခံဒရုန်းတွေ ထည့်သွင်းဖွဲ့စည်းသွားဖို့ လိုအပ်ကြောင်း အဆိုပါအဖွဲ့က အကြံပြု ထားပါတယ်။
အမေရိကန်တပ်မတော်မှာ လက်ရှိအချိန်မှာ ၁,၁၅၀ မိုင် (ကီလိုမီတာ ၁,၈၅၀) အထိ ပျံသန်းနိုင်တဲ့ MQ-9 Reaper ဒရုန်းနဲ့ ၁၄,၁၅၅ မိုင် (၂၂,၇၇၉ ကီလိုမီတာ) အထိ ပျံသန်းနိုင်တဲ့ RQ-4 Global Hawk ဒရုန်းတွေလို တာဝေးဒရုန်းတွေကို အသုံးပြုနေပါတယ်။
အနာဂတ်စစ်ပွဲဟာ ဘက်မျှတဲ့စစ်ပွဲတစ်ပွဲဖြစ်မလာမှာကို သံသယစိတ်နဲ့ စိုးရိမ်မိကြောင်း CNAS အဖွဲ့ ကာကွယ် ရေးညွှန်ကြားရေးမှူးနဲ့ အခုအစီရင်ခံစာရေးသားသူတွေထဲက တစ်ဦးုဖြစ်တဲ့ စတေ့ဇီပက်တီးဂျွန်က ပြောပါ တယ်။
တရုတ်နိုင်ငံမှာ အမေရိကန်ထက် ဒရုန်းအစင်းရေ ပိုမိုများပြားစွာရှိပြီး ဈေးသက်သာတဲ့ဒရုန်းတွေကို အမြောက် အမြားထုတ်လုပ်နိုင်တဲ့အတွက် စစ်ပွဲတစ်ပွဲမှာ အဲဒီဒရုန်းတွေကို အလျင်အမြန်တပ်ဖြန့်ချထားနိုင်ကြောင်း ၎င်း က ပြောပါတယ်။
မိုင်ပေါင်းမြောက်များစွာဝေးတဲ့ စစ်စခန်းတွေကနေ ထိုင်ဝမ်နိုင်ငံကို ဒရုန်းတွေ ဘယ်လိုစေလွှတ် တပ်ဖြန့်ချထား ပြီး တိုက်ပွဲဝင်မလဲဆိုတာနဲ့ပတ်သက်ရင် အမေရိကန်အစိုးရမှာ အားနည်းချက်တစ်ရပ်ရှိနေတယ်လို့လည်း ဆိုပါ တယ်။
“ဘက်မျှတဲ့စစ်ပွဲတစ်ပွဲဖြစ်လာမလားဆိုတာ ကျွန်မလည်း မသိပါဘူး။ အမေရိကန်အနေနဲ့ အဝေးကနေ စစ်ပွဲထဲ ဝင်လာရမယ့်အချိန်မှာ နှိုင်းယှဉ်စရာ စစ်လက်နက်ပစ္စည်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကစားကွင်းအဆင့် ညှိဖို့အတွက် အမေရိကန်က တစ်နည်းနည်းနဲ့ လုပ်နိုင်တာတွေ အများကြီးရှိတယ်လို့ ကျွန်မထင်ပါတယ်။” လို့ စတေ့ဇီပက်တီးဂျွန်က ပြောပါတယ်။
ဒရုန်းနည်းပညာမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်ရဲ့အားသာချက်ကို ကျော်လွန်ဖို့အတွက် မလုံ လောက်သေးဘူးလို့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပိုင်ဆိုင်ထားတဲ့ လက်ရှိဒရုန်းအခြေအနေဟာ တရုတ်နိုင်ငံနဲ့ တိုက်ပွဲဝင်ဖို့အတွက် မလုံလောက်သေး ကြောင်း CNAS အဖွဲ့က ပြောပါတယ်။
စစ်ပွဲစတင်ဖြစ်ပွားချိန်မှာ အမေရိကန်တပ်တွေ ချက်ချင်းရောက်မလာနိုင်တာကို ချင့်ချိန်စဉ်းစားပြီး ထိုင်ဝမ်နိုင်ငံ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ နိုင်ငံရဲ့ဒရုန်းတပ်ဖွဲ့တွေကို အများအပြားရင်းနှီးမြှုပ်နှံတည်ဆောက်ထားဖို့ အဲဒီအစီရင်ခံစာက တိုက်တွန်းထားပါတယ်။
တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကို ၎င်းတို့ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ်သာ ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်း ရေးအတွက် လိုအပ်ရင် အင်အားသုံးတိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ၂၀၂၇ ခုနှစ် မကုန်ခင်လောက်မှာ ထိုင်ဝမ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်သိမ်းပိုက် နိုင်ဖွယ်ရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
Ref: US Needs Longer-Range Drones for Potential China-Taiwan Conflict: Think Tank
#PeopleMedia