တရုတ်-ထိုင်း Strike-2024 စစ်ရေးလေ့ကျင့်မှု နောက်ကွယ်မှာ ဘာတွေရှိနေလဲ
PUBLISHED - October 25, 2024
နိုင်ငံတကာဆောင်းပါး၊ အောက်တိုဘာ ၂၅
အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကာကွယ်ရေးဆက်ဆံမှုတွေဟာ သမိုင်းမှတ်တိုင်တချို့ စိုက်ထူနိုင်တဲ့အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။
၂၀၀၅ ခုနှစ်က စတင်ပြီး ထိုင်းနိုင်ငံဟာ တရုတ်နဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ ဒေသတွင်းက ပထမဦးဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။
အထူးသဖြင့် ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်အစိုးရရဲ့ ဝေဖန်တိုက်ခိုက်မှုတွေအ ပေါ် တုံ့ပြန်ရာမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုရင်းနှီးလာအောင် ထိုင်းနိုင်ငံက ကြိုးပမ်းခဲ့သလို အဲဒီအချိန်က စပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပိုမိုမြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။
ဒီကနေ့အချိန်မှာတော့ Exercise Blue Strike ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုနဲ့ Exercise Falcon Strike လေ ကြောင်းစစ်ရေးလေ့ကျင့်မှုပါအဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့သုံးခု စလုံးနဲ့အတူ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုတွေဆောင်ရွက်ဖို့အတွက် အရှေ့တောင်အာရှဒေသမှာ ထိုင်းနိုင်ငံဟာ အထူးလက်ရွေးစင်နိုင်ငံဖြစ်လာနေပြီဖြစ်ပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ တန် ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်ခဲ့ပါတယ်။
မြို့တွင်းစစ်ဆင်ရေးတွေ ပူးတွဲဆောင်ရွက်ခဲ့တဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ ထိုင်း-တရုတ် နှစ်နိုင်ငံတပ်ဖွဲ့ဝင် တွေဟာ လက်နက်တွေလဲလှယ်ကိုင်ဆောင်ခဲ့ကြပြီး ထိုင်းတပ်ဖွဲ့ဝင်တွေက တရုတ်ထုတ် QBZ-95-1 လက်နက် ငယ်တွေ ကိုင်ဆောင်ထားတဲ့ပုံတွေကို CCTV (China Central Television) က ရုပ်သံထုတ်လွှင့်ပြသခဲ့ပါတယ်။
အပေါ်ယံအားဖြင့် ကြည့်မယ်ဆိုရင်တော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ၂၀၀၅ ခုနှစ်ကတည်းက စီစဉ်ထားပြီးဖြစ်တဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတစ်ခုလို့ မြင်နိုင်စရာရှိပါတယ်။
၂၀၂၄ စစ်ရေးလေ့ကျင့်မှု (Strike-2024 exercises) ကို ဘာ့ကြောင့်လုပ်ခဲ့တာလဲ
Strike-2024 စစ်ရေးလေ့ကျင့်မှုရဲ့ ထူးခြားချက်က စစ်ရေးလေ့ကျင့်မှုထဲမှာ မောင်းသူမဲ့ လေယာဉ်တွေ စတင် မိတ်ဆက်လာတာပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှေုာက်မှာ ကင်းလှည့်ဖို့အတွက် စစ်သုံးဒရုန်းတွေဝယ်ယူ ဖို့ တောက်လျှောက်ကြိုးပမ်းနေတဲ့နိုင်ငံဖြစ်ပါတယ်။
တရုတ်နိုင်ငံအတွက်တော့ ဒီစစ်ရေးလေ့ကျင့်မှုမှာ စစ်သုံးဒရုန်းတွေ ထည့်သွင်းလေ့ကျင့်ခဲ့တာဟာ တရုတ်နိုင်ငံ ရဲ့ လက်နက်ရောင်းချမှုမြှင့်တင်ဖို့နဲ့ အရှေ့တောင်အာရှတစ်ခွင်မှာ စစ်ရေးဆက်ဆံမှုတိုးမြှင့်ဖို့အတွက် ပိုမိုကျယ် ပြန့်တဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်လိုက်တာပဲဖြစ်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်အနီး ပြုလုပ်ခဲ့တဲ့ Strike-2024 စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ တရုတ် တပ်ဖွဲ့ဝင်တွေအ တွက် သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှု တွေနဲ့ အထူးသဖြင့် ဒေသတွင်း တောတောင်ထူထပ်တဲ့ စိန်ခေါ်မှှုတွေရှိနေတဲ့နေရာမှာ လက်နက်မှောင်ခိုကုန် ကူးမှုတွေလို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် နည်းဗျူဟာတွေ အပြန် အလှန်ဖလှယ်ရေးအတွက် လမ်းကြောင်းတစ်ခုကိုလည်း ထောက်ပံ့နိုင်တာပဲဖြစ်ပါတယ်။
နှစ်နိုင်ငံလုံခြုံရေးခြိမ်းခြောက်မှုတွေကို တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းကိုင်တွယ်ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ
တရုတ်နဲ့ ထိုင်းဟာ နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေ မဟုတ်ပေမဲ့ ဒေသတွင်း နှစ်နိုင်ငံလုံခြုံရေးခြိမ်း ခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အဲဒီနှစ်နိုင်ငံစလုံးဟာ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေကို ထိန်းသိမ်းထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။
အခုလိုပူးပေါင်းဆောင်ရွက်မှုအတွက် အတိတ်သမိုင်းကိုပြန်ကောက်ပြောရရင် ၁၉၇၀ ပြည့်လွန်နှစ်နှောင်းပိုင်းက နေ ၁၉၈၀ ပြည့်နှစ်လွန်နှစ်တွေအထိ ဗီယက်နမ်က ကမ္ဘောဒီးယားကို ကျူးကျော်ခဲ့တဲ့ အပေါ် တုံ့ပြန်မှုတွေ အ ကြောင်းကနေ ပြန်ပြောရမှာပါ။
အဲဒီအချိန်က ထိုင်းနိုင်ငံဟာ ကွန်မြူနစ်ဝါဒ ပျံ့နှံ့လာမယ့် အန္တရာယ်ကို စိုးရိမ်ကြောက်ရွံ့နေပြီး ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ဗီယက်နမ်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။
တပြိုင်တည်းမှာပဲ တရုတ်နိုင်ငံကလည်း ဗီယက်နမ်နိုင်ငံကို တရုတ်ကိုပတ်လည်ဝိုင်းထားဖို့အတွက် ဆိုဗီယက် ပြည်ထောင်စုသြဇာလွှမ်းမိုးခံထားရတဲ့ ကြားခံနိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။
အကျိုးဆက်အနေနဲ့ နှစ်နိုင်ငံ မဟာဗျူဟာမြောက်အကျိုးစီးပွားနဲ့အညီ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ဗီယက် နမ်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ကမ္ဘောဒီးယားတော်လှန်ရေးအင်အားစုတွေကို လက်နက်တွေပေးပို့ရာမှာ အ တူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ဒီကနေ့အချိန်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံထဲက ပြည်တွင်းစစ်ကြောင့် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ တဖန်ပြန်လည် နီးကပ်လာပြန်ပါတယ်။
နှစ်နိုင်ငံစလုံးဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ လူကုန်ကူးမှု/ လက်နက်ကုန်ကူးမှုတွေလို နယ်စပ်ဖြတ် ကျော်ရာဇဝတ်မှုတွေအပါအဝင် ကူးစက်ပြန့်ပွားလာတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီလိုနှစ်နိုင်ငံခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အထူးသဖြင့် ၎င်းတို့ရဲ့နယ်စပ်ဒေသတွေမ်ှာ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်လာခဲ့တာဖြစ်ပါတယ်။
မြန်မာအစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေ ဘက်ကပါ စစ်ပွဲမှာ ဒရုန်းတွေအသုံး ပြုလာတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ၎င်းတို့နိုင်ငံရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာပါ တယ်။
ဒရုန်းတွေဟာ သမရိုးကျရေဒါထောက်လှမ်းမှုတွေကို ရှောင်ရှားနိုင်ပြီး အဲဒီဒရုန်းတွေကို တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ ဒုံးကျည်စနစ်တွေကို အသုံးပြုရမယ်ဆိုရင် ထိုင်းစစ်တပ်အတွက် ကုန်ကျစရိတ်တွေများပြားလွန်းတဲ့ ကန့်သတ်မှု တွေရှိနေပါတယ်။
ဒါ့အပြင် ကီလိုမီတာ ၂၀၀၀ ရှည်လျားတဲ့ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် ကင်းလှည့်ဖို့ဆိုတာကလည်း တာ ဝန်ကြီးလေးလှတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသေးတယ်။
အဲဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသတွေ ပိုမိုလုံခြုံစိတ်ချရစေဖို့အတွက် စစ်သုံးဒရုန်းတွေဝယ်ယူဖို့နဲ့ တန်ပြန်ဒရုန်းတိုက်ဖျက်ရေးလက်နက်တွေကို ပိုမိုအဆင့်မြင့်လာအောင်ဆောင်ရွက် ရေးအတွက် ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ကာကွယ်ရေးစက္ကူဖြူစာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါပေမဲ့ ပရီဒေတာ (Predator) နဲ့ ရိပါး (Reaper) ဒရုန်းတွေလို အမေရိကန်ဒရုန်းတွေဟာ ထိုင်းနိုင်ငံအတွက် အလွန်ဈေးကြီးနေပါတယ်။
အကျိုးဆက်အနေနဲ့ တော်ဝင်ထိုင်းကြည်းတပ် (RTA) ဟာ တရုတ်နိုင်ငံ နော်ရင်ကိုကုမ္ပဏီထုတ် Sky Saker FX80 ဒရုန်းတွေ ဝယ်ယူဖို့ ၂၀၂၃ ခုနှစ်မှာ နော်ရင်ကိုကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
Strike-2024 စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းတပ်ဖွဲ့ဝင်တွေဟာ တရုတ်ဒရုန်းတွေ ကိုင်တွယ်မောင်းနှင်နည်းကို သင် ယူခဲ့သလို အချိန်နဲ့တပြေးညီ စစ်ရေးသတင်းတွေ ရှာဖွေထောက်လှမ်းခြင်းနဲ့ ကွပ်ကဲကြီးကြပ်ရေး (C2) စွမ်းရည် တွေကို မြှင့်တင်နိုင်ခဲ့ပါတယ်။
အဲဒီဒရုန်းတွေဟာ အနီအောက်ရောင်ခြည်အာရုံခံကိရိယာတွေနဲ့ ညကြည့်ကိရိယာတွေ တပ်ဆင်ထားတဲ့အ တွက် မြင်ကွင်းမကောင်းတဲ့ အခြေအနေမျိုးမှာတောင် အခြေအနေကို ကောင်းစွာသဘောပေါက်နားလည်ပြီး စစ်ဆင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်တယ်ဆိုတာကို တောထူတဲ့မြေပြင်အနေအထားက စစ်ဆင်ရေး တွေမှာ ရှာဖွေ/ရှင်းလင်းရေးတွေ ထိရောက်စွာဆောင်ရွက်ရင်း သက်သေပြနိုင်ခဲ့ပါတယ်။
အဲဒီနည်းပညာတွေကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် ထိုင်းစစ်တပ်ဟာ စစ်ဆင်ရေးကာလအတွင်း ပေါင်းစပ် ညှိနှိုင်းမှုနဲ့ ဆုံးဖြတ်ချက်ချမှုတွေကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
နည်းပညာလွှဲပြောင်းမှုသာမက ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် မြန်မာနိုင်ငံကထွက်ပေါ်လာမယ့် သမရိုးကျ မ ဟုတ်တဲ့လုံခြုံရေးခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ တော်ဝင်ထိုင်းကြည်းတပ် (RTA) တို့ရဲ့ နည်းဗျူဟာတွေကို မြှင့်တင်လာနိုင်မှာဖြစ်ပါတယ်။
Strike-2024 စစ်ရေးလေ့ကျင့်မှုတွေထဲမှာ သတ်မှတ်အဆောက်အဦတွင်း ဝင်ရောက်ရှင်းလင်းခြင်းနဲ့ ဓားစာခံ တွေကယ်တင်ခြင်းလို မြို့ပြတန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေ ပါဝင်တာကြောင့် တန်ဖိုးရှိ တဲ့ အတွေံအကြုံတွေကိုလည်း ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေဟာ တောတွင်းစစ်ဆင်ရေးမှာ ရှာဖွေ/ရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့တဲ့အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေနဲ့လည်း တော်ဝင်ထိုင်းကြည်းတပ် (RTA) ရဲ့ တန်ဖိုးရှိ တဲ့အတွေ့အကြုံတွေ အထူးသဖြင့် ၁၉၆၀ ပြည့်လွန်နှစ်တွေက ကွန်မြူနစ်သူပုန်တွေကို တိုက်ခို်က်ခဲ့တဲ့အတွေ့အ ကြုံတွေနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တောင်ပိုင်းပြည်နယ်က သောင်းကျန်းမှုနှိမ်နှင်းရေးအတွေ့အကြုံတွေ ကနေ လေ့လာသင်ယူနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှရှိခဲ့ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ရင်း ထိုင်းနိုင်ငံကို လက်နက်ရောင်းဖို့ တိုးချဲ့မယ့် တရုတ်
တရုတ်နိုင်ငံက ထိုင်းနိုင်ငံနဲ့ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တာဟာ အရှေ့တောင်အာရှဒေသတွင်းမှာ လက် နက်ရောင်းချမှုတိုးမြှင့်ဖို့နဲ့ စစ်ရေးဆက်ဆံမှု မြှင့်တင်ဖို့အတွက် အဓိကအခွင့်အလမ်းတွေအဖြစ် လမ်းဖောက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာနည်းပညာထိရောက်မှုတွေကို ထုတ်ဖော်ပြသ ခွင့်ရရှိသလို ထိုင်းနိုင်ငံလို ဝယ်လက်အသစ်နိုင်ငံတွေ ရရှိရေးအတွက်လည်း အထောက်အကူရခဲ့ပါတယ်။
လက်နက်တင်ပို့ရောင်းချမှုမြှင့်တင်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ရမယ့် ပြုပြင်ထိန်း သိမ်းရေး၊ လော်ဂျစ်စတစ်၊ မူဝါဒဆိုင်ရာမြှင့်တင်ရေးနဲ့ လေ့ကျင့်သင်ကြားရေး နည်းလမ်းတွေကတစ်ဆင့် အ ရှေ့တောင်အာရှနိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားနိုင်မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ ပတ်သက်လို့တော့ ဒီကိစ္စက အလွန်အရေးကြီးပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ် တဲ့အလျောက် အစဉ်အလာအားဖြင့် ထိုင်းနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုက စစ်လက်နက်ပစ္စည်းတွေ အ ပေါ် မှီခိုအားထားခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံအတွက် တရုတ်နိုင်ငံရဲ့လက်နက်ရောင်းချမှုမြင့်တက်လာတာဟာ တရုတ်ကိုကာကွယ်ဖို့ အရေးကြီးတဲ့နေရာအဖြစ် အမေရိကန်ကရှုမြင်ထားတဲ့ ဒေသတွင်း အမေရိကန်သြဇာလွှမ်းမိုးမှုကို တန်ပြန်ချိန် ညှိထိန်းချုပ်ဖို့အတွက် တရုတ်ရဲ့ ကျယ်ပြန့်လှတဲ့မဟာဗျူဟာ အစိတ်အပိုင်းတစ်ရပ်ဖြစ်နေပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံအတွက် လက်နက်ငယ်တွေ၊ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေအပါအဝင် ထိုင်းနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းတင်သွင်းမှု ၄၄ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေ ကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုသတေသနအင်စတီကျု (SIPRI) က ပြောပါတယ်။
ထိုင်းနိုင်ငံက တရုတ်နည်းပညာတွေကို ပိုမိုအားကိုးလာရတဲ့အတွက် တရုတ်နဲ့ အမေရိကန်ကြား မြင့်တက်လာ တဲ့ ပြိုင်ဆိုင်မှုမှာ ဘက်မလိုက်ဘဲကြားနေဖို့ ထိုင်းနို်င်ငံကို တရုတ်က ဖိအားပေးနေတယ်လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးရင်းနှီးနေတာဟာ တရုတ်လက်နက်တွေ ရရှိစေတဲ့ ထိုင်းနိုင်ငံရဲ့လမ်း ကြောင်းကို ထိခိုက်စေနိုင်သလို မဟာအင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေးထိန်းညှိထားတဲ့ ထိုင်းနိုင်ငံရဲ့ ကြိုး ပမ်းမှုကိုလည်း ပိုမိုရှုပ်ထွေးစေပါတယ်။
သုံးသပ်ချက်
Strike-2024 စစ်ရေးလေ့ကျင့်မှုဟာ တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံလုံခြုံရေးစိုးရိမ်ပူပန်မှုကို မြင့်တက်လာစေခဲ့တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကို နောက်ခံအကြောင်းပြုပြီး ပေါ်ပေါက်လာခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။
စိန်ခေါ်မှုတွေရှိလင့်ကစား နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းရာမှာ တစ်နိုင်ငံချင်းစီက နည်းဗျူဟာတွေကို လေ့လာသင်ယူဖို့အတွက် တန်ဖိုးရှိတဲ့အခွင့်အလမ်းတွေကို နှစ်နိုင်ငံစလုံးက ဒီစစ်ရေးလေ့ ကျင့်မှုတွေကနေ ရရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးမြှင့်တင်ဖို့အတွက် ဒရုန်းတွေကို စိတ် ဝင်တစား ကြိုးပမ်းရှာဖွေနေတဲ့ ထိုင်းနိုင်ငံကို ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ တရုတ်နိုင်ငံက ၎င်းတို့ရဲ့ စစ်ဘက် ဆိုင်ရာနောက်ဆုံးပေါ်နည်းပညာတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။
ခေတ်မီနည်းပညာတွေ ပေါင်းစပ်ထည့်သွင်းထားတဲ့ဦးတည်လမ်းကြောင်းက တိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေအ တွက် ဒရုန်းတွေကို အသုံးပြုခဲ့တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘောဒီးယား-တရုတ် ရေရွှနဂါးစစ်ရေးလေ့ကျင့်မှုမှာလည်း သိ သိသာသာ ထင်ရှားပေါ်လွင်ခဲ့ပြီးဖြစ်ပါတယ်။
ရှေ့ဆက်ပြီးတက်လှမ်းနိုင်ဖို့အတွက် အရှေ့တောင်အာရှနယ်ပယ်တစ်ဝန်း နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှု တွေဆောင်ရွက်ရာမှာ အဆင့်မြင့်ဒရုန်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်း တွေ အရောင်းမြှင့်တင်နိုင်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ဆောင်ရွက်လာနိုင်ဖွယ် ရှိပါတယ်။
ဒါပေမဲ့ အခုလို စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ရှိသော်ငြားလည်း ထို်င်းနိုင်ငံဟာ မဟာမိတ်အမေ ရိကန်ပြည်ထောင်စုအပါအဝင် မဟာအင်အားကြီးနိုင်ငံအားလုံးနဲ့ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးကို ထိန်းသိမ်း ထားဖို့ ရည်ရွယ်ထားတဲ့အတွက် ထိုင်းနိုင်ငံအပေါ် တရုတ်ရဲ့လက်နက်ရောင်းချမှုဟာ သိသိသာသာ တိုးမြင့်လာ ဖွယ်မရှိနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
မှတ်ချက် – The Diplomat မှ ဆောင်းပါးရှင် Ian Seow Cheng Wei ရဲ့ What’s Behind the China-Thailand ‘Strike-2024’ Exercise? ကို ပြန်ဆိုပါသည်။
#PeopleMedia