• Follow Us on

Home တရုတ် ပေါချောင်ညံ့ ပစ္စည်းပြဿနာကိုင်တွယ်ဖို့ ထိုင်းနိုင်ငံက ပညာရှင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်

တရုတ် ပေါချောင်ညံ့ ပစ္စည်းပြဿနာကိုင်တွယ်ဖို့ ထိုင်းနိုင်ငံက ပညာရှင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၂

 

ထိုင်းနိုင်ငံထဲကို အွန်လိုင်းကရော ပုံမှန်ဈေးကွက်တွေကရော ဝင်ရောက်လာတဲ့ တရုတ်ထုတ် ပေါချောင်ညံ့ ပစ္စည်းတွေရဲ့ ပြဿနာကို တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ကြားဖြတ်အစိုးရ ကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

တရုတ်ထုတ် ပေါချောင်ညံ့ပစ္စည်းတွေ အလုံးအရင်းနဲ့လှိမ့်ဝင်လာတာကို စောင့်ကြည့်ကြည့်ရှုပြီး အရေးယူဖို့ အဲဒီ ပညာရှင်အဖွဲ့ဟာ အဓိကတာဝန်ရှိတဲ့အဖွဲ့ ဖြစ်လာနိုင်ပေမဲ့ ဘယ်လိုအရေးယူဆောင်ရွက်မှုမျိုးတွေလုပ်မလဲဆို တာကို အခုလမကုန်ခင်မှာ အစိုးရက ဆုံးဖြတ်သွားဖို့ ရည်ရွယ်ထားကြောင်း ၎င်းက ပြောပါတယ်။

 

လက်ရှိအချိန်မှာတော့ ဒီပြဿနာကို လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့အပါအဝင် ဌာနဆိုင်ရာပေါင်းစုံက ကိုင်တွယ်နေကြောင်း မစ္စတာဖမ်သမ်က ပြောပါတယ်။

 

ပေါချောင်ညံ့ပစ္စည်းတွေကို ကာကွယ်ရာမှာ လိုအပ်ပါက ပေါချောင်ညံ့ပစ္စည်းများကာကွယ်ရေးသဘောတူညီ ချက် (anti-dumping agreement = ပြည်တွင်းမှာ ရောင်းမစွံတဲ့ ကုန်ပစ္စည်းတွေကို ပြည်ပမှာ လျှော့ဈေးနဲ့ အ စွံထုတ်တာကို ကာကွယ်တဲ့သဘောတူညီချက်) လို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ စည်းမျဉ်းစည်းကမ်း တွေကို အသုံးပြုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

သွင်းကုန်အားလုံး အရည်အသွေးကောင်းမွန်ဖို့နဲ့ အဲဒီသွင်းကုန်တွေကို ထုတ်လုပ်သူတွေနဲ့ ကုန်သွယ်ရောင်းချ သူတွေက နိုင်ငံတကာစည်းမျဉ်းတွေနဲ့ ထိုင်းဥပဒေတွေကို တိတိကျကျ လိုက်နာစေရေးအတွက် တခြားနိုင်ငံတ ကာကုန်သွယ်ရေးစည်းမျဉ်းတွေကိုလည်း အသုံးပြုသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“တရုတ်ထုတ် ပေါချောင်ညံ့ကုန်ပစ္စည်းတွေ အလုံးအရင်းလှိမ့်ဝင်လာတဲ့ရလဒ်အဖြစ် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို ဆွေးနွေးနိုင်ဖို့အတွက် အစည်းအဝေးတစ်ရပ်ကို မကြာခင် ကျင်း ပသွားမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ် e-commerce အထူးသဖြင့် Temu အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီရဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေအ ပေါ် အဆိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ တရုတ်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့နဲ့ အကြိုဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းအာဏာပိုင်တွေနဲ့ တရုတ်အွန်လိုင်းကုန်သွယ်ရေးလုပ်ငန်းတွေကြား နောက်ထပ်ဆွေးနွေးပွဲတွေ ကျင်းပနိုင် အောင် ပေါင်းစပ်ညှိနှိုင်းပေးသွားမှာဖြစ်တယ်လို့ တရုတ်သံတမန်တွေက ကတိပေးခဲ့ကြောင်း ဝန်ကြီးဖမ်သမ်က ပြောပါတယ်။

 

“Temu အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီအနေနဲ့ ဥပဒေစည်းမျဉ်းနဲ့အညီ မှတ်ပုံတင်ပြီး ထိုင်းနိုင်ငံထဲမှာ ကုန် သွယ်ရေးလုပ်ငန်းကို ဆောင်ရွက်သင့်ပါတယ်။ တရုတ်သံအမတ်ကြီးအနေနဲ့လည်း ဒါကို နားလည်သဘော ပေါက်ပုံရပြီး Temu ကုမ္ပဏီနဲ့ ဆွေးနွေးဖို့ သဘောတူညီခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမှာ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ဘန်ကောက်နဲ့ ဆမွတ်ဆခုန်မှာရှိတဲ့ ဂိုဒေါင်နှစ်လုံးကို ဝင် ရောက်စီးနင်းခဲ့ရာ ပြည်ပနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ ဘတ်ငွေသန်းပေါင်းများစွာတန်တဲ့ အလှကုန် ပစ္စည်းတွေနဲ့ မျက်ကပ်မှန်တွေ အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။

 

Ref: New panel to target Chinese goods

 

#PeopleMedia


Share this post