• Follow Us on

Home တရုတ်-မြန်မာနယ်စပ်တွင် ပူးတွဲလက်တွေ့စစ်ရေးလေ့ကျင့်မှုများ တရုတ်ပြုလုပ်

တရုတ်-မြန်မာနယ်စပ်တွင် ပူးတွဲလက်တွေ့စစ်ရေးလေ့ကျင့်မှုများ တရုတ်ပြုလုပ်

Share this post

နေပြည်တော်၊ ဩဂုတ် ၂၇

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တောင်ပိုင်းစစ်ဒေသကြီး တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် ယနေ့ သြဂုတ် ၂၇ ရက်မှစ၍ ကြည်းတပ် လေတပ် ပူးတွဲလက်တွေ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြထားသည်။

 

ယင်းသို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ စစ်ဒေသကြီးရှိ တပ်ဖွဲ့များ၏ ကင်းထောက်နှင့် ကြိုတင် သတိပေးမှု၊ ထောင့်စုံပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပစ်ခတ်မှုစွမ်းရည်တို့ကို စစ်ဆေးရန်ဖြစ်ကြောင်း၊ စစ်ဒေသကြီးရှိ တပ်ဖွဲ့များသည် ရုတ်ချည်းဖြစ်ပွားသောအခြေအနေအမျိုးမျိုးကို ချက်ချင်းကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့် ပြင်ထားပြီးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနမှ သိရသည်။

 

နိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခိုင်မာစွာ ကာကွယ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ လေတပ်အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောကြား ထား‌ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို သြဂုတ် ၂၇ ရက်မှ သြဂုတ် ၂၉ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး စစ်ရေး လေ့ကျင့်မှုတွင် ကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post