• Follow Us on

Home တရုတ်-မြန်မာနှစ်နိုင်ငံ ဘာသာစကားအပြန်အလှန်သင်ယူရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များကို အားပေးမြှင့်တင်လျက်ရှိဟု ပညာရေးဝန်ကြီးပြောကြား

တရုတ်-မြန်မာနှစ်နိုင်ငံ ဘာသာစကားအပြန်အလှန်သင်ယူရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များကို အားပေးမြှင့်တင်လျက်ရှိဟု ပညာရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၃၀

 

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဘာသာစကားအပြန်အလှန် သင်ယူရေးနှင့်ယဉ်ကျေးမှုဖလှယ်ရေးအစီ အစဉ်များကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောသည်။

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပ သည့် ၂၀၂၃ ခုနှစ်၊ တရုတ် -အာဆီယံပညာ ရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက် ရောက်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တရုတ်နိုင်ငံနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာရွာခေတ်ကြီးတွင် အလားအလာကောင်းများ ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဘာသာစကားအပြန်အလှန် သင်ယူရေးနှင့်ယဉ်ကျေးမှုဖလှယ်ရေးအစီ အစဉ်များကို အားပေးမြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး လူမှုဆက်ဆံရေးနှင့်စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုတို့ကို ပိုကောင်းမွန်စေမည်ဖြစ်ကြောင်း ပြောသည်။

 

နှစ်နိုင်ငံအကြားပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများသည် အတိုင်းအတာမရှိ ကျယ်ပြန့်လှကြောင်း၊ မြန်မာနိုင်ငံ၏ ခရိုင် ၅၀ တွင် မကြာသေးခင်ကဖွင့်လှစ်ခဲ့သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းတို့အတွက် နည်းပညာအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း၊ ကျန်ရှိသော ၇၅ ခရိုင်တွင်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ် သွားရန် အစီအစဉ်ရှိပါကြောင်း၊ ဆရာ ဆရာမများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများသို့ လေ့လာရေးခရီးစဉ် စေလွှတ်နိုင်ရန်လည်း ပညာရေးဝန်ကြီး ဌာနအနေဖြင့် အထူးစိတ်ဝင်စားပါကြောင်း၊ ယင်းအပြင် မြန်မာတက္ကသိုလ်များပါဝင်သည့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုပါကြောင်း၊ အဆိုပါဆောင်ရွက်မှုများတွင် အကျိုးတူသုတေသနဆောင်ရွက်မှု အစီအစဉ် များ၊ ဆရာ ဆရာမဖလှယ်ရေး အစီအစဉ်များ၊ ကျောင်းသားများ ကျောင်းပြောင်းရွှေ့ သင်ယူနိုင်မည့်အစီ အစဉ်များ၊ နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ညီလာခံများ ကျင်းပခြင်းတို့ ပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

#PeopleMedia


Share this post