• Follow Us on

Home တရုတ်-မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်းလက်တွေ့ကျလာစေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးပြောကြား

တရုတ်-မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်းလက်တွေ့ကျလာစေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဩဂုတ် ၂၈

 

တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းလက်တွေ့ကျလာစေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် ဩဂုတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားသည်။

 

သံအမတ်ကြီး Ms. Ma Jia က မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် များစွာအလေးအနက် ထားမှုကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း၊ မိမိသည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်-မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပြန့်ပွားအောင် လုပ်ဆောင်၍ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းလက်တွေ့ကျလာစေရန် မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အရေးကြီးသဘောတူညီချက်များ ရရှိခဲကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်ရလဒ်ကို အတူတကွဖော်ဆောင်သွား ကာ မြန်မာ-တရုတ် ဆက်ဆံရေးတွင် တက်ကြွသောတိုးတက်မှုအသစ်များရရှိဖို့ တွန်းအားပေးဖော်ဆောင်သွား ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ပြည်သူအကျိုးပြုဖွံ့ဖြိုးရေးကိုထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကိုကာကွယ်ခြင်း၊ ကုလသမဂ္ဂစသည့် နိုင်ငံတကာပလက်ဖောင်းများတွင် အပြန်အလှန် ထောက်ခံအားပေးမှုကို မြှင့်တင်ခြင်း စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 

#PeopleMedia


Share this post