တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင်လုပ်လို့မရကြောင်း တရုတ်ပြော
PUBLISHED - December 1, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁
မြန်မာနဲ့ တရုတ် နှစ်နိုင်ငံကြားက “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားအောင်လုပ်တဲ့ ဘယ်လို ကြိုးပမ်းဆောင်ရွက်မှုမျိုးမှ အောင်မြင်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝန်း ဝန်ဘင်းက နိုဝင်ဘာလ ၂၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး AP သတင်းဌာနရဲ့ မေးမြန်းချက် ကို ပြန်လည်ဖြေကြားရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဝန်းဝန်ဘင်းက အခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရှမ်းပြည်နယ်က သူပုန်တွေရဲ့ထိုးစစ်တွေကို တရုတ်နိုင်ငံက ထောက်ပံ့နေတယ်လို့ မြန်မာနိုင်ငံထဲက အစိုးရ ထောက်ခံသူတွေက ပြောပါတယ်။ အဲဒီလိုယုံကြည်တဲ့အတွက် မြန်မာနိုင်ငံထဲမှာလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ပွားနေပါတယ်။” လို့ AP သတင်းထောက်က ပြောပါတယ်။
“တရုတ်နိုင်ငံက ခွင့်ပြုလိုက်လို့သာ မြန်မာနိုင်ငံထဲမှာ အခုလိုတိုက်ပွဲတွေဖြစ်ပွားလာတာဖြစ်တယ်လို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံထဲက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ သူတို့ရဲ့ထိုးစစ်တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ဖြေကြားပေးနိုင်မလား။” လို့ AP သတင်းထောက်က မေးမြန်းပါတယ်။
တရုတ်နဲ့ မြန်မာဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းတွေဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အ ခြာအာဏာပိုင်စိုးမှုနဲ့ နယ်နိမိတ်ပိုင်နက်ကို အစဉ်လေးစားကြောင်း၊ မြန်မာနိုင်ငံတွင်း တည်ငြိမ်ဖွံ့ဖြိုးရေးကို ရိုးရိုး သားသားမျှော်လင့်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အခိုင်အမာထောက်ခံအားပေးကြောင်း၊ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံကြားက “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားအောင်လုပ်တဲ့ ဘယ်လို ကြိုးပမ်းဆောင် ရွက်မှုမျိုးမှ အောင်မြင်မှာမဟုတ်ကြောင်း ဝန်းဝန်ဘင်းက ပြောပါတယ်။
“နှစ်နိုင်ငံကြားက ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားအောင်၊ မှေးမှိန်သေးသိမ်အောင် လုပ်တဲ့ ဘယ်လိုဆောင်ရွက်မှုမျိုးမဆို အထောက်အပံ့ဖြစ်လာမှာမဟုတ်သလို အောင်မြင်မှာလည်း မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
Ref: Foreign Ministry Spokesperson Wang Wenbin’s Regular Press Conference on November 29, 2023
#PeopleMedia