• Follow Us on
Latest News

Home တရုတ်-မြန်မာ နယ်စပ်က ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုးကန့်သူပုန်အဖွဲ့သိမ်းပိုက်

တရုတ်-မြန်မာ နယ်စပ်က ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုးကန့်သူပုန်အဖွဲ့သိမ်းပိုက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈

 

မြန်မာနိုင်ငံ မြန်မာ-တရုတ်နယ်စပ်မှာ အစိုးရအသုံးပြုနေတဲ့ ကုန်သွယ်ရေးဂိတ်တစ်ခုကို သူပုန်အုပ်တစ်စုက သိမ်းပိုက်ထားလိုက်ကြောင်း ဒေသတွင်းမီဒီယာတွေနဲ့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက တနင်္ဂနွေနေ့က ပြော ပါတယ်။

 

မဟာမိတ်သုံးဖွ့ဲခေါ် သူပုန်အုပ်စုသုံးစုပူးပေါင်းထားတဲ့အဖွဲ့က အောက်တိုဘာလနှောင်းပိုင်းအတွင်း မြန်မာ့တပ်မ တော်ကို တိုက်ခိုက်လာပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်အနီး တိုက်ပွဲတွေဆက်လက် အရှိန်မြင့်ဖြစ်ပွားလျက်ရှိပါတယ်။

 

အဲဒီသူပုန်အဖွဲ့တွေဟာ မြန်မာ့တပ်မတော်စခန်းအများအပြားနဲ့ တရုတ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့မြို့ တစ်မြို့ကို သိမ်းထားတယ်လို့ ဆိုပါတယ်။

 

မဟာမိတ်သုံးဖွဲ့ထဲက မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ခေါ် MNDAA အဖွဲ့ဟာ ကျင်စန်းကျော့ လို့ အမည်ရတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်ကို သိမ်းပိုက်လိုက်တာဖြစ်ကြောင်း အဲဒီသူပုန်အဖွဲ့နဲ့ ဆက်နွယ်တဲ့ဒေ သတွင်း မီဒီယာတစ်ခုက ပြောပါတယ်။

 

“MNDAA အဖွဲ့ဟာ မူဆယ်ခရိုင်၊ မုန်းကိုးဒေသမှာရှိတဲ့ ကျင်စန်းကျော့လို့ ခေါ်တဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီကနေ့ မနက်မှာ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။” လို့ ကိုးကန့်သတင်းဌာနက တနင်္ဂနွေနေ့မှာကြေညာပါ တယ်။

 

ရခိုင်သူပုန် AA နဲ့ တအောင်းပလောင်သူပုန် TNLA တို့ပါဝင်တဲ့ အဲဒီမဟာမိတ်အဖွဲ့ဟာ သောကြာနေ့ကစတင်ခဲ့ တဲ့တိုက်ခိုက်မှုတွေအပြီးမှာ နယ်စပ်ကုန်သွယ်ရေးဇုံမှာရှိတဲ့ တခြားစခန်းတွေကိုလည်း သိမ်းပိုက်ထားကြောင်း ကြေညာခဲ့ပါတယ်။

 

MNDAA သူပုန်အဖွဲ့ကတော့ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုသိမ်းပိုက်ပြီးနောက် ၎င်းတို့အဖွဲ့ရဲ့ အလံကို လွှင့်ထူခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက AFP ကို ပြောပါတယ်။

 

ကိုဗစ်ကပ်ရောဂါဘေးအပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ အဲဒီ ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေး ဂိတ်ဟာ မြန်မာ-တရုတ် နယ်စပ်ရှိ အဓိကကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။

 

နယ်စပ်အနီးရပ်ထားတဲ့ ထရပ်ကား ၁၂၀ ဝန်းကျင်ဟာ သူပုန်တွေလက်ချက်ကြောင့် မီးလောင်ကျွမ်းခဲ့ကြောင်း နစက အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အစိုးရပိုင်မီဒီယာကို အခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့ပါတယ်။

 

အခုလို တိုက်ပွဲအရှိန် အနည်းငယ်မြင့်တက်လာတာဟာ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေသလို နစက အစိုး ရ ရုန်းကန်လှုပ်ရှားနေရတဲ့စီးပွားရေး၊ အခွန်အခနဲ့ နိုင်ငံခြားငွေရပေါက်ရလမ်းကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါ တယ်။

 

ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဖြတ်သန်းနေတဲ့ ကုန်ပစ္စည်းတွေထဲမှာ စက်ပစ္စည်းတွေ၊ အီလက်ထ ရောနစ်ပစ္စည်းတွေ၊ လယ်ယာသုံးထွန်စက်တွေနဲ့ အခြေခံစားသုံးကုန်တွေပါဝင်တယ်လို့ ဆိုပါတယ်။

 

Ref: Myanmar Armed Group Seizes China-Myanmar Border Crossing

 

#PeopleMedia


Share this post