• Follow Us on

Home တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ချောင်းဆုံမြို့နယ်၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်

တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ချောင်းဆုံမြို့နယ်၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်

Share this post

နေပြည်တော်၊ ဇွန် ၂၆

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ကျောက်မီးသွေးသုံးစက်ရုံ တည်ဆောက်ရန် တရုတ်ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်းနှင့် တည်ဆောက်ရန် ခွင့်ပြုချက် ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဇွန်လ (၂၄) ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး H.E.Mr.Chen Hai နှင့် တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ယင်းနောက်တွင် တရုတ်သံအမတ်မှ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စရိတ်သက်သာ သည့်အတွက် မွန်ပြည်နယ်အတွင်း အကြီးစားကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့်စီမံကိန်းများရှိကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post