တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်နေ
PUBLISHED - August 2, 2024
နေပြည်တော်၊ ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တာချီလိတ်မြို့နယ်တွင် ယမန်နေ့ ညပိုင်းက စတင်ကာ မယ်ဆိုင်ချောင်းရေမြင့် တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်နေကြောင်း သိရသည်။
မယ်ဆိုင်ချောင်းရေမြင်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက် များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်းဆိုင်း(ခ)၊ ဆန်ဆိုင်း(က)၊ မယ်ခေါင်၊ ဝိန်းကျောက်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်နေကြောင်း သိရသည်။
လက်ရှိ တာချီလိတ်မြို့နယ်တွင် အရေးပေါ်အခြေအနေများအတွက်ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားပြီး မြို့နယ်သဘာဝဘေးကော်မတီ အနေဖြင့် ရပ်ကွက်အလိုက် ကူညီကယ်ဆယ် ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia