• Follow Us on
Latest News

Home တာချီလိတ်မြို့ဆန်ဆိုင်း (က)ရပ်ကွက်၌ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

တာချီလိတ်မြို့ဆန်ဆိုင်း (က)ရပ်ကွက်၌ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဩဂုတ် ၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်၌ ယမန်နေ့ ည ၉ နာရီခွဲအချိန်က အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ နံ့သာဖြူလမ်း၊အိမ်အမှတ်(၆/၁၁၁)၊ ဦးထွန်းထွန်းဦး နေအိမ်သို့ ခေတ္တလာရောက်တည်းခိုနေထိုင်သူ ကိုစိုင်းဆိုင်ဝမ်း ၃၄ နှစ်သည် အရောင်းအဝယ်လုပ်ကိုင်သည့် သူငယ်ချင်းများနှင့်အတူ ညနေစာ စားရန် တည်းခိုနေထိုင်သည့်နေအိမ်မှ လမ်းလျှောက်ထွက်လာစဉ် နေအိမ် တစ်ခုရှေ့အရောက်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ အမျိုးသားနှစ်ဦးမှ  စိုင်းဆိုင်ဝမ်းအား  သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့သဖြင့် ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ စိုင်းဆိုင်ဝမ်းအား တာချီလိတ်ခရိုင်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စစ်ဆေးနေကြောင်း သိရသည်။

 

#PeopleMedia


Share this post