တာချီလိတ်မြို့တွင် ကျပ် ၄၁၃၂.၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

PUBLISHED - October 4, 2023
နေပြည်တော်၊ အောက်တိုဘာ ၄
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ကျပ် ၄၁၃၂.၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ အချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ကားဂိတ်တွင် ရဲမင်းလတ် လာ ရောက်ပို့ဆောင်သည့် ပါဆယ်အတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၁.၅၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၃၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန် ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မြတ်လေးလမ်းရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၂.၁၇၇ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၃၉၄.၇ သိန်း) အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ရဲမင်းလတ် (၃၂) နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia