• Follow Us on
Latest News

Home တာချီလိတ်မြို့တွင် ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၂၅

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ် ၂၃၁၁.၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

မတ်လ ၂၂ ရက်နေ့ ညနေ ၄နာရီ ၃၀အချိန်က တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လမ်းလျှောက်လာသူ စိုင်းသူရထွန်း(ခ) အာကြီး အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၁ ကီလို (ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၃၁၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၄နာရီ ၅၀ အချိန် ဖြိုးဝေအောင်(ခ)ကိုဖြိုး အား တာချီလိတ်မြို့၊ ဝိန်း ကျောက်ရပ်ကွက်၊ လပ်ကီးလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၁.၄ သိန်း)နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းသူရထွန်း(ခ)အာကြီး(၄၁)နှစ်နှင့် ဖြိုးဝေအောင်(ခ) ကိုဖြိုး(၂၃)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post