• Follow Us on

Home တာချီလိတ်မြို့တွင် တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများပြုလုပ်နေသည့် ထိုင်းနိုင်ငံသား ၁၄၈ ဦးအပါအဝင် ၆၈၉ ဦးတို့အား ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများပြုလုပ်နေသည့် ထိုင်းနိုင်ငံသား ၁၄၈ ဦးအပါအဝင် ၆၈၉ ဦးတို့အား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ် လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ/သား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံ သူ/သား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား ယအမန်နေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ကျော်သိန်း(ခ) ခွန်မောင်ညိုပိုင်ဆိုင်သော ခြံဝင်း အတွင်း၌ တရားမဝင် Online ဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးရာ ထိုင်းနိုင်ငံသူ/သား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ဦးနှင့် မြန်မာ နိုင်ငံသူ/ သား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် ၁၂၀ စီး၊ Online ဂိမ်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယခုကဲ့သို့ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသူ/သားများအား တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post