တာချီလိတ်မြို့တွင် ရဲယောင်ဆောင်ပြီး ဓားပြတိုက်သူ (၇) ဦးနှင့်အတူ လက်နက်များသိမ်းဆည်းရမိ
PUBLISHED - March 1, 2024
နေပြည်တော်၊ မတ် ၁
ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ခရိုင်ကော်မရှင်ရုံးအိမ်ရာ တွင် ရဲယောင်ဆောင်ပြီး ဓားပြတိုက်သူ (၇) ဦးနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၉ ရက် ည (၁၂) နာရီခန့်တွင် တာဝန်ရှိသူများမှ တာချီလိတ်မြို့တွင် ဓားပြတိုက်လုယှက်သူ များမှာ ခရိုင်ကော်မရှင်ရုံး အိမ်ရာထဲသို့ဝင်ရန် ကြံစည်နေချိန်တွင် သတင်းရရှိသောကြောင့် သွားရောက်စစ် ဆေးရာတွင် အိမ်ရာထဲ၌ အမျိုးသား (၇) ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထိုဖမ်းဆီးရရှိသူများမှာ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၂) နှစ်အရွယ် အေးကိုကိုဦး၊ ပါဆပ် ရပ်ကွက်တွင် နေထိုင်သူ အသက်(၂၀) နှစ်အရွယ် စိုင်းမောင်ထွန်း(ခ) အိုက်ပီး၊ ဝမ်းလုံးကျေးရွာတွင် နေထိုင် သည့် အသက် (၂၇) နှစ်အရွယ် စိုင်းလှမောင်၊ ဆန်ဆိုင်း(ခ) ရပ်ကွက်တွင် နေထိုင်သည့် အသက်(၁၈) နှစ် အရွယ် စိုင်းခမ်းတွီ၊ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၈) နှစ်အရွယ် ရဲသီဟလွင်၊ ဝိန်းကျောက် ရပ်ကွက်တွင် နေထိုင်သည့် အသက်(၂၀) နှစ်အရွယ် ကျိုင်းဆံဟိုင်း၊ ဆေးခမ်းရပ်ကွက်တွင် နေထိုင်သည့် စိုင်းဆိုင်မိန်းတို့ ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဩစတေးလျ နိုင်ငံထုတ် STEYR M9 A1 ပစ္စတို သေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ COLT အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ USA နိုင်ငံထုတ်၊ M4 A1 Carvine M-320461 (၁)လက်၊ ၎င်းကျည်အိမ်(၂)ခု၊ ပွိုင့် ၂၂ သေနတ်အရှည်(၁)လက်၊ ကျည်အိမ်(၁)ခု၊5.56 ကျည်(၅၉)တောင့်၊ ၉ မမ ကျည်(၂၀)တောင့်၊ ပွိုင့်.၃၈ ကျည်(၉)တောင့်၊ ပွိုင့် .၂၂ ကျည်(၄)တောင့်၊ သေနတ်အိတ် (၃)ခု၊ လည်ရှည် ဖိနပ်အနက်ရောင် (၁)ရံ၊ လည်တိုရှူးဖိနပ်(၂)ရံ၊ ဓားရှည်(၁)ချောင်း၊ နံပါတ်ထုတ်(၁)ချောင်း၊ ခါးပါတ်(အနက် ရောင်) (၅)ချောင်း၊ စကားပြောစက် (၁)လုံး၊ ရဲတပ်ဖွဲ့ယူနီဖောင်း အင်္ကျီ(၃)ထည်၊ ရဲတပ်ဖွဲ့ ယူနီဖောင်း ဘောင်းဘီ (၁)ထည်၊ ပြည်သူ့စစ် ယူနီဖောင်း(၁)စုံ ၊ စစ်စိမ်းရောင် ယူနီေ ဖာင်း(ဘက်တံဆိပ်မပါ) (၁)စုံ၊ ပြောက်ကျားယူနီဖောင်း(၂)စုံ၊ USA တံဆိပ်ပါ ပြောက်ကျား ယူနီဖောင်း(၂)ထည်၊ အနက်ရောင် ဘောင်းဘီ ရှည်(၁)ထည်၊ အပြာရောင် ပျောက်ကျား အနွေးထည် (၁)ထည်၊ စစ်စိမ်းရောင် ပျောက်ကျား အင်္ကျီ(၃)စုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တံဆိပ်ပါ ဘယ်ရီဟက်(၃)လုံး၊ အပြာရောင် တောဆောင်း(၁)လုံး၊ ဖိုက်ဖာအပြာရောင် (၁)လုံး၊ ပိကတ် အပြာရောင်(၁)လုံး၊ ဦးထုတ်အဝိုင်း(၂)လုံး၊ ကျည်ကာပျောက်ကျားအစိမ်းရောင်(၃) ထည်(ARMY)၊ ကျည်ကာ ပျောက်ကျား အနက်ရောင်(၅)ထည်၊ ရွှေတာချီ ဆိုင်ကယ် တက္ကစီအင်္ကျီ(၇၀၇) (၁)ထည် ၊ မျက်နှာဖုံး အဖြူရောင် (၁)ခု၊ ဆံပင်အတု(၁)ခု ၊ အီကွေ့မင်(၁)စုံ၊ လက်ထိပ်(၃)ကွင်း၊ လည်ရှည် ဖိနပ် အနက်(၁)စုံ၊ လည်တို(ရှူးဖိနပ်)(၂)ရံ တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင်ဓားရှည်(၁)ချောင်း၊ နံပါတ် ထုတ်(၁)ချောင်း၊ ခါးပါတ်(အနက်ရောင်) (၅)ချောင်း၊ စကားပြောစက်(၁)လုံး နှင့် ယာဉ်အမှတ်၊ SHN-12/1A-1543 Honda Fit စိမ်းနုရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီး၊ ယာဉ်အမှတ်၊ SHN-12/5J-2677 Crown အဖြူရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီး ၊ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် တရားခံ အေး ကိုကိုဦး ပြောပြချက်အရ စိုင်းဆိုင်မိန်း ဆိုသူ သည် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက် တွင် နေထိုင်ကြောင်း သိရ၍ ခရိုင် ရဲတပ်ဖွဲ့မှုး၏ ဦးဆောင်လမ်းညွန်မှုဖြင့် သက်သေများနှင့်အတူ ဟောင်လိတ် နယ်မြေ ရဲစခန်းမှ ဒုရဲမှူး အေးထွန်းသိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးရာ စိုင်းဆိုင်မိန်း အသက် (၂၅) နှစ် ဆေခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူ နှင့်အတူ တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို(၁) လက်၊ ၎င်းကျည်အိမ်(၁)ခု၊ ၎င်းကျည် (၅)တောင့်တို့အား ထပ်မံရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
ဖမ်းဆီးရရှိသူ (၇) ဦးကို တာချီလိတ်မြို့မ ရဲစခန်းတွင် စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရာခံများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia