• Follow Us on
Latest News

Home တာချီလိတ်မြို့တွင် သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၅

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် သြဂုတ်လ ၂၃ ရက်နေ့က ငွေကျပ် သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၂၃ ရက်နေ့ ည ၄ နာရီအချိန်က တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက် သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် အားဘို မောင်းနှင်လာသည့် မော်တော်ဆိုင် ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ ည ၇ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေ များနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဇော်ထက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် နှင့် မျိုးဇာနည်မောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဇော်ထက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အတွင်း ၎င်းတို့သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး (Happy Water)အလေးချိန် ၁.၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၇၅ သိန်း) နှင့် လက်ကိုင် ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ အားဘို(၁၉)နှစ်၊ ဇော်ထက်(၂၃)နှစ်နှင့် မျိုး ဇာနည်မောင်(၂၆)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေး ဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post