တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး၊ တိုက်သွားသည့်ယာဉ် မောင်းနှင်ထွက်ပြေး
PUBLISHED - December 5, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၅
တာချီလိတ်မြို့၊ ဝမ်လုံးဆီပန့်ရှေ့တွင် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးပြီး ထိုတိုက်သွားသည့် မော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ယနေ့ဒီဇင်ဘာလ ၅ နာရီအချိန်တွင် မော်တော်ယာဉ်တစ်စီးမှ မော်တော်ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးကို တိုက်ပြီးထွက်ပြေးသွားကြောင်း၊ ထိုမော်တော်ယာဉ်တိုက်ခံရသည့် အမျိုးသမီးမှာ အခင်းနေရာ၌ သေဆုံးသွားကြောင်း သိရသည်။
“တိုက်သွားတဲ့ ကားကိုခုထိမမိသေးဘူး။ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးက အသက် ၃၀ ဝန်းကျင်လောက် ရှိတယ်” လို့ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်သည့် ရွှေမယ်ယန်းပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ဖြေကြားသည်။
ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးသည့် ရုပ်အလောင်းကို ဦးလှမိုးလူနာတင်ယာဉ်ဖြင့် ဆေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia