တာချီလိတ်မြို့တွင် CROWN ယာဉ်ပေါ်မှ သိန်း ၄၄၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

PUBLISHED - November 13, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် CROWN ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၄) လမ်းတွင် စိုင်းမင်းဦး မောင်းနှင်ပြီး အိုက် နော်ခမ်း လိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၄၀၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီ ၃၀ အချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများရောင်းချသူ မအီ ထောင်ရှဲန်အား ၎င်းနေထိုင်သည့် ကျိုင်းလပ်မြို့၊ ရပ်ကွက် (၃) ရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စိုင်း မင်းဦး(၂၅)နှစ်၊ အိုက်နော်ခမ်း(၂၀)နှစ်နှင့် မအီထောင်ရှဲန်(၂၂)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia