• Follow Us on

Home တာချီလိတ်မြို့တွင် CROWN ယာဉ်ပေါ်မှ သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် CROWN ယာဉ်ပေါ်မှ သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၄

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် TOYOTA CROWN ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် အားဂျို မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက် တမင်း)အလေးချိန် ၅၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄,၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အားဂျို(၃၃)နှစ်အား ဟောင်လိတ်နယ်မြေ ရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post