တာချီလိတ်မြို့တွင် Toyota Crown ယာဉ်ပေါ်မှ ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး Happy Water များ ဖမ်းဆီးရမိ

PUBLISHED - August 8, 2023
နေပြည်တော်၊ သြဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် Toyota Crown ယာဉ်ပေါ်မှ ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၂ ဒသမ ၆၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဟံသာဝတီလမ်းဘက်မှ မြို့ရှောင်လမ်းဘက်သို့ စိုင်းဟောင် ခမ်း(ခ)စိုင်းတီ မောင်းနှင်ပြီး သက်လှိုင်ဦး လိုက်ပါလာသည့် Toyota Crown မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၂ ဒသမ ၆၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၆ နာရီခွဲအချိန် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မိုတယ်တွင် တည်းခိုနေသည့် သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သူ မချိုနိုရက်ဒီဆာရီကာအား ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါး များ ဖြန့်ဖြူးရောင်းချနေမှုများကို ထိရောက်စွာတားဆီးနိုင်ရေးအတွက် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Newvisionmedia