• Follow Us on
Latest News

Home တာချီလိတ်မြို့နယ်တွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့

တာချီလိတ်မြို့နယ်တွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့

Share this post

နေပြည်တော်၊ ဇူလိုင် ၄

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်များမှာ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်နှင့် ဆန်ဆိုင်းရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

 

“မိုးက မနေ့ညနေကတည်းက ရွာနေတာပါ။ အခုမိုးဆဲသွားပြီ တောင်ကျရေပဲကြောက်နေရတယ်။” ဟု တာချီလိတ် မြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

 

ရေကြီးရေလျှံမှုများကြောင့် နေအိမ်နှင့် လမ်းများတွင် ရေလျှံမှုများ ဖြစ်ပေါ်နေ၍ ယာဉ်နှင့် ဒေသခံများ သွားလာရေး ခက်ခဲခဲ့ကြာင်းနှင့် နံနက် ၁၀ နာရီကျော် အချိန်တွင် ရေများ ပြန်ကျခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post