• Follow Us on
Latest News

Home တာချီလိတ်မြို့နယ်တွင် ကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ၁၈ ဒသမ ၅၁ ကီလို ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် ကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ၁၈ ဒသမ ၅၁ ကီလို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၈ ဒသမ ၅၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သန်းစိန်(ခ)အားဝေ မောင်းနှင်ပြီး အောင်ကျော်ဦး(ခ)အယောင်း လိုက်ပါလာသည့် Toyota Hilux Revo မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်း ကွင်းဆက်အရ ယင်းနေ့ ည ၇ နာရီခွဲအချိန် ပူး ပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဆွတ်ဆိုင်ကျေးရွာတွင် စိုင်းစမ်ငင်း၊ စိုင်းကျန်နှင့် ဆီနွန်းတို့ ၃ ဦးအား မော်တော်ဆိုင်ကယ် ၂ စီး၊ စိတ်ပြောင်းဆေးဝါး(Happy Water) ၃ ဒသမ ၆ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၈ ဒသမ ၅၁ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

လက်ရှိ ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အလားတူ လူငယ်များအား အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post