တာချီလိတ်မြို့နယ်တွင် ဆယ်အိမ်မှူး (၁) ဦး ပစ်ခတ်ခံရ၍ သေဆုံး

PUBLISHED - July 17, 2023
နေပြည်တော်၊ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆေးခမ်းရပ်ကွက်နေ ဆယ်အိမ်မှူး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တာချီလိတ်မြို့နယ်၊ ဆေးခမ်းရပ်ကွက်နေ ဆယ်အိမ်မှူးဖြစ်သူ ဦးစိုင်းရှဲန်(ခ)စိုင်းနောင် (၃၇) နှစ်သည် အုပ်ချုပ်ရေးမှူးရုံးလမ်းကြား၌ လမ်းလျှောက်နေစဉ် အကြမ်းဖက်သူ(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုင်းရှဲန်(ခ)စိုင်းနောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#PeopleMedia