• Follow Us on

Home တာချီလိတ်မြို့နယ်တွင် တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်များ၊ တောရိုင်းတိရိစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်များ၊ တောရိုင်းတိရိစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇွန် ၂၁

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေးရွာတွင် ဇွန်လ ၁၉ ရက် မွန်းလွဲ ၂ နာရီ ကျော်အချိန်က တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်ခဲယမ်းများ၊ တောရိုင်း တိရိစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သတင်းအရ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေးရွာ အိမ်အမှတ် ဝကလ-၀၆၄ အား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသားများဖြစ်သော ရှောက်ဟူ၊ လောင်ရောင်း၊ လောက်လျှိုး နှင့် အားဖိတ်တို့အား MK 12 တစ်လက်၊ MK 16 တစ်လက်၊ CZ 512 တစ်လက်၊ GLock -19 တစ်လက်၊ Sig Sauer တစ်လက်၊ ကျည်ဆံများ၊ ဆယ်သွယ်ရေး စကားပြောစက် (၈)လုံး၊ ကတ်တမင်း (၁၅၀)ဂရမ်ခန့်နှင့်အတူ ခြင်္သေ့ ၁ ကောင်၊ ကျား ၁ ကောင်၊ ဝက်ဝံ ၂ ကောင်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများအား ဟောင်လိတ်စခန်းတွင် ဖမ်းဆီးထားပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post