• Follow Us on

Home တာချီလိတ်မြို့နယ်တွင် ထိုင်း ၂ ဦးနှင့် မြန်မာ ၅ ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် ထိုင်း ၂ ဦးနှင့် မြန်မာ ၅ ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသား ၂  ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆမ်ဆိုင်း(က)ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သည့်အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေ ကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးတို့အား ပစ္စတို သေ နတ် ၄ လက်၊ ၎င်းကျည်အိမ် ၇ ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ ထိုင်းနိုင်ငံသား ၂ ဦးမှာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်းအောင်မိုင်းနှင့် နိုင်းအာနုချေချဘာဂမ်းတို့ဖြစ်ပြီး ပီကျိုင်းသည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးဖြစ်သည့် အပြင် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရမိ မြန်မာနိုင်ငံသား ၅ ဦးမှာ ကျော်အေးထွန်း(ခ)ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်း နှင့် ညီနပ် တို့ဖြစ်ပြီး ၎င်းတို့အနက် ကျော်အေးထွန်း(ခ)ကျော်ထွန်းအေးသည် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post