• Follow Us on

Home တာချီလိတ်မြို့နယ်တွင် ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လိုက်လံလုယက်သူများအား ပစ်ခတ်ဖမ်းဆီး

တာချီလိတ်မြို့နယ်တွင် ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လိုက်လံလုယက်သူများအား ပစ်ခတ်ဖမ်းဆီး

Share this post

နေပြည်တော်၊ ဇွန် ၁၄

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့အတွင်း ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်များ လိုက်လံလုယက်နေသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

တာချီလိတ်မြို့ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဆုံ၊ ကြီးမြတ်သောရွှေမြင်းရွှေဆိုင်(၂) ရှေ့တွင် ဇွန်လ ၁၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် (၃၀)ဝန်းကျင်၌  ဆိုင်ကယ်မောင်းလာသူ ကိုအောင်မြင့်မြတ်အား အမျိုးသား (၃)ဦးမှ ဓားနှင့်ခုတ်ကာ ဆိုင်ကယ်လုယူသွားပြီးနောက် ဆိုင်ကယ်ပိုင်ရှင်မှ ထွက်ပြေးရာ အနောက်သို့ လိုက်လာပြီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ပစ်ခတ်မှု ဖြစ်ပွားရာ အနီးရှိ လုံခြုံရေးဝန်ထမ်း၁ဦး ကျည်ထိမှန်သွား ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိ အမျိုးသား (၃)ဦးမှ  တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နေ ကိုအောင်မြင့်မြတ် ဆိုင်ကယ်လုယက်ခဲ့ပြီး ဓားဖြင့်ခုတ် သဖြင့် ဦးခေါင်းဝဲဘက် ဂျိုစောင်း ဓါးဒဏ်ရာ(၃)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ လုယက်သူများမှာ ဓားဖြင့်ခုတ်သည့်အပြင် သေနတ်ဖြင့်ပါ လိုက်လံပစ်ခတ်ခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ ရွှေဆိုင် လုံခြုံရေးဝန်ထမ်း  ကိုမြင့်မြတ်ထွန်း ဝဲဘက်ပေါင်၊ ယာဘက်ပေါင်တို့တွင် ကျည်ထိမှန်ခဲ့ပြီး တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

တရာခံများအား ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့  ဝှေလှေလန်ကျေးရွာနှင့် အာခါကျေးရွာချင်း ဆက်လမ်းအနီးတွင် တရားခံများအား တွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ အဖွဲ့ခေါင်းဆောင် စိုးမိုးအောင်(ခ)ချဉ်ငံ စပ်အား ဝဲဘက်ပေါင် သေနတ်ထိမှန် ရှပ်ထိဒဏ်ရာ(၁)ချက်ဖြင့် လည်းကောင်း၊ တရားခံ ကိုကိုလတ်(ခ)ဖက်တီး ဆိုသူအား ခြေကျင်းဝတ် ပေါက်ပြဲ ဒဏ်ရာ(၁)ချက်ဖြင့်လည်းကောင်း၊ ကျန်ရှိ တရားခံ ဖိုးသားဆိုသူအား မည် သည့်ဒဏ်ရာမျှ မရရှိဘဲ အသီးသီး ဖမ်းဆီးရမိခဲ့ပြီး ဒဏ်ရာရရှိသူများအား တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ပေးထားကြောင်း သိရသည်။

 

ဖမ်းဆီးရမိ တရာခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့(၃)ဦးသည် ဇွန်လ (၁၃)ရက်နေ့မှ ညပိုင်းအချိန်ခန့်တွင် လည်း ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးလမ်းနှင့် စည်ပင်ကုန်းလမ်းဆုံ အနီးတွင် အမည်(စုံစမ်းဆဲ) အမျိုး သားတစ်ဦးတည်း စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဓါးဖြင့် ခုတ်၍ လုယူခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်မှ ထွက်ပြေး သွားစဉ် နောက်မှလိုက်လံ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထပ်မံ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

 

၎င်းတို့ လုယက်ခဲ့သည့် Wave မော်တော်ဆိုင်ကယ် (၂) စီးနှင့် မူခင်းကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Wave မော်တော်ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း မော်တော်ဆိုင်ကယ်(၃) စီးနှင့် ဓါးရှည် (၁)ချောင်းတို့အား သိမ်းဆည်းရ မိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post