• Follow Us on

Home တာချီလိတ်မြို့နယ်တွင် မြေသယ်ယာဉ်ပေါ်မှ ကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ၂၅၄ ကီလို ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် မြေသယ်ယာဉ်ပေါ်မှ ကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ၂၅၄ ကီလို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မြေသယ်ယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန် တာချီလိတ်မြို့ နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ စိုင်းမွန်းမောင်းနှင်လာသည့် LIFAN မြေသယ်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၀၄၉ ဘီ လီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၅၄ ကီလိုနှင့် ကက်တမင်း ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကျိုင်းတုံ မှ တာချီလိတ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post