တာချီလိတ်မြို့နယ်တွင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကျော် ဖမ်းဆီးရမိ
PUBLISHED - September 21, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မောင်အေး မောင်းနှင်ပြီး စိုင်းဆမ်တစ် လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မောင်အေး (၃၉) နှစ်နှင့် စိုင်းဆမ်တစ် (၄၄) နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia