• Follow Us on
Latest News

Home တာချီလိတ်မြို့နယ်တွင် သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၂

 

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အိုက်ရီ မောင်းနှင်ပြီး အိုက်တစ် လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး(အက်တက်စီ) ဆေးပြား ၁၁၂၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၅၀၀)၊ လက်ကိုင်ဖုန်း ၂ လုံး၊ ပစ္စတို သေနတ် ၄ လက်၊ ၎င်းကျည် ၇၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဒီတိုနေတာ ၆၀ ချောင်းနှင့် ယမ်းပျော့ ၄၀ ချောင်း တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အိုက်ရီ(၂၉)နှစ် နှင့် အိုက်တစ်(၂၇)နှစ်တို့အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post