တာချီလိတ်မြို့နယ်တွင် ကျပ် ၂၄၀၀.၀၃၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
PUBLISHED - December 20, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂၄၀၀.၀၃၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာလ ၁၈ရက်နေ့ ၁၆ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက် သေများနှင့်အတူ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိခြံဝင်းအား ဝင်ရောက်ရှာဖွေရာ အိုက်ကျုံး၊ အိုက်ချန်း တို့နှင့်အတူ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၁၆၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၆နာရီ ၄၅ အချိန် အာနွန်ချမနန် အား တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၅၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၁၆၀၀ အချိန် တာချီလိတ်မြို့နယ်၊ ဟွေရဲမြို့ရှောင်လမ်း ဘေးရှိ ခြုံအတွင်းမှ အိုက်ကျုံး နှင့် အိုက်ချန်း တို့ သိမ်းဆည်းထားခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၀၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အိုက်ကျုံး(၃၅)နှစ်၊ အိုက်ချန်း(၃၂)နှစ် နှင့် အာနွန်ချမနန်(၂၆)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia