• Follow Us on

Home တာချီလိတ်မြို့နယ်တွင် ကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ အိုက်စ် ၄၉ ကီလို ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် ကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ အိုက်စ် ၄၉ ကီလို ဖမ်းဆီးရမိ

Share this post

နေပြည်တော် ဖေဖော်ဝါရီ ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ၄၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီတွင် တာချီလိတ်မြို့နယ် လွယ် တော်ခမ်းကျေးရွာအနီးတွင် မိုင်းဆတ်မှ တာချီလိတ်သို့ စိုင်းချစ်ဦးဝေ မောင်းနှင်ပြီး စိုင်းညွန့်ရွှေ လိုက်ပါလာ သည့် ISUZU အမျိုးအစား Box Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၃၉၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ၄၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိ ရသည်။

 

ယင်းနေ့ ည ၇ နာရီခွဲတွင် သိမ်းဆည်းရမိ အိုက်စ် (မက်သ် အဖက်တမင်း) များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင် သူများဖြစ်သည့် စိုင်းခမ်းလှ၊ စိုင်းပီးနှင့် စိုင်းစံထွန်း (ခ) စိုင်းထွန်း (ခ) နောင့်ထွန်းတို့အား CROWN မော်တော် ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့၍ စစ်ဆေးခဲ့ရာ တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာရှိ ဖမ်းမိတရားခံ စိုင်းစံ ထွန်း (ခ) စိုင်းထွန်း (ခ) နောင့်ထွန်း၏ နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ် ကြောင်းသိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post