• Follow Us on

Home တာချီလိတ်မြို့နယ်တွင် ကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် ကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၅

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ဝ၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိုင်းကျိုင်း (ခ) ရဲလမ်း၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ စိုင်းရီလွတ်နှင့် အိုက်ကောင်တို့ ၂ ဦးအား ဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၀၃၆ သန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၂ ကီလို၊ အနံ့မှုန့် Vanillin ၇၅ ကီလို၊ အနံ့ဆေးရည် ၃၆၀ လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အိမ်ပိုင်ရှင် စိုင်းကျိုင်း (ခ) ရဲလမ်းနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ အန်းဂျေလိုတို့ ၂ ဦးမှ တာချီလိတ်နယ်စပ်တွင် အရောင်း အဝယ်ပြုလုပ်ရန် သိုဝှက်ထားသောပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post