• Follow Us on
Latest News

Home တာချီလိတ်မြို့နယ်တွင် CROWN ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသော ကျပ် ၃၄၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် CROWN ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသော ကျပ် ၃၄၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် CROWN ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၃၄၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀နာရီအချိန်က တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အိုက်ကျိုင်းရီ မောင်းနှင်ပြီး အိုက်ကိန်း လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၈၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၂၀၀ သိန်း)၊ Happy-5 ဆေးပြား ၄၅၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် အိုက်ကျိုင်းရီ(၂၃)နှစ် နှင့် အိုက်ကိန်း(၂၁)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post