• Follow Us on

Home တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီဘုရား၏ စိန်ဖူးတော်ရှိ စိန်နှင့် ကျောက်များပျောက်ဆုံးနေ၍ သက်ဆိုင်ရာမှ စစ်ဆေးနေ

တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီဘုရား၏ စိန်ဖူးတော်ရှိ စိန်နှင့် ကျောက်များပျောက်ဆုံးနေ၍ သက်ဆိုင်ရာမှ စစ်ဆေးနေ

Share this post

နေပြည်တော်၊ မတ် ၁၅

 

ရှမ်းပြည်နယ် တာချီလိတ်မြို့၊ ဂုဏ်ကျက်သရေဆောင် ရွှေတိဂုံဘုရား၏ စိန်ဖူးတော်ရှိ စိန်နှင့် စိန်ဖူးတော် ပတ်လည် ဝန်းရံထားသော ကျောက်များ  ပျောက်ဆုံးနေ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးနေ လျက်ရှိကြောင်း ရှမ်းရှေ့မီဒီယာများတွင် ဖော်ပြထားသည်။

 

ရွှေတိဂုံစေတီတော်အား စတုတ္ထအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှုနိုင်ရေးအတွက် ဆောင်ရွက် ခဲ့ရာ ဘုရား၏ စိန်ဖူးတော်ရှိ စိန်နှင့် စိန်ဖူးတော် ပတ်လည်ဝန်းရံထားသော ကျောက် ၁၆ လုံးမှာ ပျောက်ဆုံးနေ ခြင်းဖြစ်ပြီး၊ ကျောက်မျက်ရတနာများ၏ တန်ဖိုးမှ ဘတ် ၂၈ သန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။

 

ယခုနှစ်အတွက် ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီကို ယခုနှစ် ဖေဖေါ်ဝါရီလ ၂၆ရက်နေ့တွင် စာချုပ်ချုပ်ဆိုထားပြီး၊ ဘုရားအပေါ်ပစ္စယံအထိ ငြမ်းတပ် ဆင်ခြင်းအား မတ်လ ဒုတိယအပတ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စေတီတော်၏ စိန်ဖူးတော်အား စေတီဝန်ထမ်း တစ်ဦးမှ တက်ရောက်ဖြုတ်ယူကာ စိန်ဖူးအားယူ၍ လွယ်အိတ် အတွင်းသို့ ထည့်သွင်းယူဆောင်ခဲ့ပြီး၊ ငှက်မြတ်နားတော်အား ကုမ္ပဏီဝန်ထမ်း ၁၂ ဦးတို့ ပေါင်း၍ လက်ဆင့် ကမ်း ပို့ဆောင်ခဲ့ပြီး စေတီတော်အောက်ရင်ပြင်သို့ ရောက်ရှိသည့်အခါ စေတီဝန်ထမ်းမှ စိန်ဖူးတော်အား စေတီ ဂေါပကထံသို့ အပ်နှံစဉ် ဂေါပကအဖွဲ့မှ ကြည့်ရှု့စစ်ဆေးခဲ့ရာ စိန်ဖူးတော်၏ အထွဋ်တွင် တပ်ဆင်ကပ်လှူ ပူဇော်ထားသည့် စိန်မပါရှိကြောင်းကို သိရှိခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ စိန်ဖူးတော်အား တက်ရောက်ဖြုတ်ယူသည့် စေတီဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်း ၁၂ ဦးတို့အား တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

တတိယအကြိမ်မြောက်အဖြစ် ရွှေတိဂုံဘုရား၏ ရွှေသင်္ကန်းက ကပ်လှုမှုအား ၂၀၁၈ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post