• Follow Us on

Home တာချီလိတ်မြို့ရှိ သုဿာန်တစ်ခုတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်တစ်ဦး တွေ့ရှိ

တာချီလိတ်မြို့ရှိ သုဿာန်တစ်ခုတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်တစ်ဦး တွေ့ရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ သုဿန်တစ်ခုတွင် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးငယ် တစ်ဦး တွေ့ရှိကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၆ ရက် ည ၇ နာရီအချိန်တွင် သုဿန်တွင် ကလေးတစ်ဦးငိုသံကြားသောကြောင့် ပြည်သူ များမှ သွားရောက်ကြည့်ရာတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်တစ်ဦးတွေ့ရှိကြောင်း ထိုကလေးကို ဦး လှမိုး “မိုးမေတ္တာ” ပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာတွင် ခေါ်ယူပြီး စောင့်ရှောက်ထားကြောင်း သိရသည်။

 

တိုင်းနှင့် ပြည်နယ်များတွင် မွေးကင်းစကလေးများကို လမ်းဘေး၊ အမှိုက်ပုံး၊ မြစ်ထဲတွင် ဖော့ပုံးဖြင့် ကလေး အားထည့်ပြီး စွန့်ပစ်သည့် ကလေးများကို အသက်ရှင်စွာ ကယ်ဆယ်နိုင်ပြီး၊ တစ်ချို့စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်များကို သေဆုံးသည့်ရုပ်အလောင်းများလည်း ရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post