• Follow Us on

Home တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေ

တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေသည် ဆက်လက်မြင့်တက်လာပြီး ရေးကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

 

ယနေ့ နံနက် (၆) နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၆၆) စင်တီမီတာသို ရောက်ရှိနေပြီး မိုးအဆက်မပြတ်ရွာသွန်း‌နေမှုကြောင့် မယ်ဆိုင်ချောင်းရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်း၊ လက်ရှိတွင် ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ် နေကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေသည် မြင့်တက်လာခဲ့သဖြင့် သက်ဆိုင်ရာဌာနများက ရေဘေးအန္တရာယ်အသိပညာပေးလှည့်လည်နှိးဆော်ခြင်း၊ ရေဘေးသင့်ပြည်သူများ အတွက် အောင်မြတ်ခန်းမတွင် ကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

ယမန်နေ့တွင်လည်း တာလော့ရပ်ကွက်၊ ပုန်းထွန်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း(က) နှင့် (ခ) ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post