• Follow Us on

Home တာချီလိတ်မြို့ ရွှေတိဂုံစေတီဘုရား၏ စိန်ဖူးတော်ရှိ ပျောက်ဆုံးနေသည့် စိန်နှင့် ကျောက်များပြန်လည်တွေ့ရှိ

တာချီလိတ်မြို့ ရွှေတိဂုံစေတီဘုရား၏ စိန်ဖူးတော်ရှိ ပျောက်ဆုံးနေသည့် စိန်နှင့် ကျောက်များပြန်လည်တွေ့ရှိ

Share this post

နေပြည်တော်၊ မတ် ၁၅

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဂုဏ်ကျက်သရေဆောင် ရွှေတိဂုံဘုရား၏ စိန်ဖူးတော်ရှိ ပျောက်ဆုံးနေသည့် စိန်နှင့် ကျောက်များကို ယနေ့ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။

 

ရွှေတိဂုံဘုရား၏ စိန်ဖူးတော်ရှိ ပျောက်ဆုံးနေသည့် စိန်နှင့် ကျောက်များကို ဘုရား၏ ထီးတော်အောက် အမှိုက်ပုံအကြားတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်တွေ့ရှိသည့် စိန်ဖူးတော်ရှိ ၁၀ ကာရက်ရှိ စိန်အား ပိုင်ရှင်နှင့်အတူ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 

ရွှေတိဂုံစေတီတော်အား စတုတ္ထအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ဆောင် ရွက်ခဲ့ရာ ဘုရား၏ စိန်ဖူးတော်ရှိ စိန်နှင့် စိန်ဖူးတော် ပတ်လည်ဝန်းရံထားသော ကျောက် ၁၆ လုံးမှာ  ပျောက် ဆုံးခဲ့ခြင်းဖြစ်ပြီး၊ ကျောက်မျက်ရတနာများ၏ တန်ဖိုးမှ ဘတ် ၂၈ သန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post