• Follow Us on
Latest News

Home တာချီလိတ်လေဆိပ်တွင် ရန်ကုန်သို့တင်ပို့မည့် စက္ကူဂျပ်ဖာအတွင်းမှ သိန်း ၅၈၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များ ဖမ်းဆီးရမိ

တာချီလိတ်လေဆိပ်တွင် ရန်ကုန်သို့တင်ပို့မည့် စက္ကူဂျပ်ဖာအတွင်းမှ သိန်း ၅၈၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်တွင် ရန်ကုန်သို့တင်ပို့မည့် စက္ကူဂျပ်ဖာအတွင်းမှ ၅၈၅၀ တန်ဖိုး ရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တာချီလိတ် လေဆိပ်တွင် ရန်ကုန်သို့တင်ပို့မည့် မဖြိုးကေသီကျော် သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာကို ရှာဖွေစစ်ဆေးရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၈၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၇ ဒသမ ၈ ကီလို သိမ်း ဆည်းရမိခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီအချိန် ပူးပေါင်းအဖွဲ့သည် သတင်းကွင်းဆက်အရ တာချီ လိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် မမူမူကြူ(ခ)နန်းလောင်ငင်၊ စိုင်းဝိလတ်၊ မမီညားတို့ ၃ ဦးအား Toyota Crown မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၈ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post