တာတိုပဲ့ထိန်းဒုံး နှစ်စင်း မြောက်ကိုရီးယား ထပ်မံပစ်လွှတ်
PUBLISHED - August 24, 2019
မြောက်ကိုရီးယားနိုင်ငံဟာ သြဂုတ် ၂၄ ရက်နေ့မနက်မှာ တာတို ပဲ့ထိန်းဒုံး ၂ စင်းကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီး ယားစစ်တပ်က ပြောပါတယ်။
အခုလအတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုဟာ ၇ ကြိမ်အထိ ရှိလာ ခဲ့ပြီလည်းဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီုး ယား ပူးပေါင်းစစ်ရေးလေ့ကျင့်မြှု ပီးဆုံးခဲ့ပြီးနောက် အခုလို ဒုံးကျည်စမ်း သပ်ပစ်ခတ်မှုဟာ စိုးရိမ်စရာဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင်မှုကို မကျေနပ်တဲ့အကြောင်း အကြိမ်ကြိမ်ဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။
Ref; CNA