• Follow Us on
Latest News

Home တာမွေမြို့နယ်တွင် ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် Happy Water မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ

တာမွေမြို့နယ်တွင် ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် Happy Water မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မေ ၁

 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် Happy Water မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရ သည်။

 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးဒေါင့်ကန်လမ်းတွင် ငြိမ်းချမ်း မောင်းနှင်ပြီး ဇော်လှိုင်ဦး(ခ)အာကာနှင့် နေဇော်ဦးတို့လိုက်ပါလာသည့် MITSUBISHI အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၈၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ၂၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ကျော်နိုင်အား ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမီးပွိုင့်အနီးတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ည ၆ နာရီ ၃၀ အချိန် ကျော်နိုင် နေထိုင်သည့် တာမွေမြို့နယ်၊ မန်အောင်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်း ဆေးဝါး Happy Water အလေးချိန် ၂.၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၇၅ သိန်း)နှင့် လည်းကောင်း၊ ည ၇ နာရီ ၁၀ အချိန် ကျော်မြင့်ဦးအား ဗဟန်းမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ငြိမ်းချမ်း (၃၈)နှစ်၊ ဇော်လှိုင်ဦး (ခ)အာကာ (၃၅)နှစ်၊ နေဇော်ဦး (၃၆)နှစ်၊ ကျော်နိုင် (၃၇)နှစ်နှင့် ကျော်မြင့်ဦး (၄၆)နှစ်တို့အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post