တာမွေမြို့နယ်တွင် ဆူပူအကြမ်းဖက်မှု လှုံ့ဆော်ခဲ့သည့် လူငယ်လေးဦးကို လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီး ရမိ
PUBLISHED - December 9, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ သီတာလမ်းထိပ်တွင် တာယာကွင်းမီးရှို့ကာ ဆူပူအကြမ်းဖက်မှု လှုံ့ဆော်ခဲ့သည့် လူငယ်လေးဦးကို လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၈) ရက် ညနေ (၇) နာရီခန့်က တာမွေမြို့နယ် သီတာလမ်းထိပ်တွင် လူငယ်လေးဦးသည် တာယာကွင်းကို မီးရှို့ကာ ဆူပူအကြမ်းဖက်မှု လှုံ့ဆော်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆူပူအကြမ်းဖက်မှု လှုံ့ဆော်ခဲ့သည့် လူငယ်များကို လိုက်လံရှာဖွေရာ တွင် ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်းကားမှတ်တိုင်အနီးတွင် အဆိုပါ လူငယ်လေးဦးကို တွေ့ရှိခဲ့ သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။
ယင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရာတွင် ဆူပူအကြမ်းဖက်မှု လှုံ့ဆော်ခဲ့သည့် လူငယ်လေးဦးကို လက်လုပ်မိုင်းနှစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်။
#PeopleMedia