• Follow Us on

Home တာမွေမြို့နယ်ရှိ One Stop Mart အား ဝင်ရောက်လုယက်သူ ၄ ဦးအနက် ၃ ဦးအား ဖမ်းဆီးရမိ

တာမွေမြို့နယ်ရှိ One Stop Mart အား ဝင်ရောက်လုယက်သူ ၄ ဦးအနက် ၃ ဦးအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၅

 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအထက်ရပ်ကွက်၊ သြဘာလမ်းရှိ One Stop Mart အား ယမန်နေ့ ညနေ ၆ နာရီကျော်အချိန်က လူငယ် ၄ ဦး ဝင်ရောက်လုယက်ခဲ့ရာ ၃ ဦးအား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

ယင်းသို့ လုယက်နေသည်ကို  One Stop Mart Control Center က ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာ ဆိုင်ဝန်ထမ်းအမျိုးသမီး ၂ ဦး၏ လည်ပင်းကို ဓါးဖြင့် ထောက်ပြီး ဓါးစားခံပြုလုပ်ကာ ဆိုင်ပြင်ထွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က သတ်ပုတ်ဖမ်းဆီးရာ စည်ပင်ဝင်းနေ သီဟဝင်း ၁၅ နှစ်၊ ၁၅၂ လမ်းနေ ကောင်းခန့်ဖြိုး ၁၅ နှစ်နှင့် ဗျိုင်းရေအိုးစင်လမ်းနေ လမင်းအောင် ၁၅ နှစ်တို့ကို ဖမ်းဆီး ရမိပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ဖမ်းမိသူများထံမှ ဓါးရှည်တစ်ချောင်း၊ ဓါးမြှောင်နှစ်ချောင်း သိမ်းဆည်းရမိကြောင်း သိရသည်။

 

#PeopleMedia


Share this post